အခြေခံပညာစာသင်ချိန် တိုးမြှင့်ခြင်းကို ကန့်ကွက်

အခြေခံပညာစာသင်ချိန် တိုးမြှင့်ခြင်းကို ကန့်ကွက်
(ဓာတ်ပုံ-အောင်ကိုဦး/မဇ္ဈိမ)

စစ်ကိုင်း၊ ဇန်နဝါရီ၂၆ ။            ။ အခြေခံပညာကျောင်းများ၌ စာသင်ချိန် တစ်လ တိုးမြှင့်လိုက်ခြင်းအား ကန့်ကွက်ကြောင်း သဘောထားလက်မှတ် ကောက်ယူခြင်းနှင့်သုသေတန စစ်တမ်းကောက်ယူခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက် ၈ နာရီမှစတင်၍ ညနေ ၆ နာရီအထိ စစ်ကိုင်းမြို့ ဈေးလမ်း ပန်းဘဲတန်းရပ်ကွက် "ဘိုသု-ကွမ်းရာဆိုင်ရှေ့တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ လုပ်ဆောင်ခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် (ဗဟို)မှဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်သည်။

"ဒီလို ဆန္ဒသဘောထားတွေကောက်ယူပြီးရင် ဆရာမတို့ရဲ့ ဗဟို ရန်ကုန်ကိုပို့မယ်။လူဦးရေ ဘယ်လောက် ဘယ်လို ဆန္ဒသဘောထားတယ်ရှိတယ်တွေကို ဆရာမတို့တွေက ပညာရေးကော်မတီတွေ လွတ်တော်အမတ်တွေနဲ့ တွေ့ဆုံမှာ။ပညာရေး ဝန်ကြီးဆီကို ဒါတွေ ပို့မှာမဟုတ်ဘူး။ပြည်သူ သဘောထားက စစ်ကိုင်းမြို့မှာ ဘယ်လောက်ရှိပါတယ်။တစ်နိုင်ငံလုံးမှာ ဘယ်လောက်ရှိပါတယ်ဆိုတာတွေကို ရှင်းရှင်းပြောရရင် ဆရာမတို့က ကောက်ယူ ဖြစ်တယ်။ကောက်ယူတာတွေကို ရန်ကုန် ဗဟိုကို ပြန်ပြီးတော့ စာရင်းပို့ပေးရမှာဖြစ်တယ်။"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းမြို့ အ.မ.က ၁၁ မှ အလယ်တန်းပြဆရာမ ဒေါ်ဌေးဌေးဝေပြောသည်။

အခြေခံပညာရေး ကဏ္ဍတွင် ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်လိုက်သည့် စာသင်ကာ တစ်လ တိုးမြှင့်လိုက်ခြင်းကို ကျေနပ်မှု မရှိခြင်းကြောင့် ယခုလိုလုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly