ကိုလံဘီယာတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ ၂၆။        ။ ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းတွင်  ဇန်နဝါရီ ၂၄ ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား၍ အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဘတ်စ်ကားသည် နိုင်ငံအနောက်တောင်ပိုင်း ကော်ကာပြည်နယ် ရိုဆက်စ်မြို့အနီး လမ်းပေါ်တွင် ကျောက်တုံးတစ်ချို့နှင့် တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ဒီ ဘတ်စ်ကား မတော်တဆမှု သတင်းကို ကျွန်တော်တို့ မနက် ၁၀ နာရီ ၄၀ လောက်မှာသိခဲ့ရပါတယ်၊ ကားကတော့ ဘရိတ်ပေါက်ပြီး မှောက်သွားတယ်လို့ ကောက်ချက်ချထားပါတယ်” ဟု ရိုဆက်စ်မြို့ မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗစ်တာ ဗယ်လန်စီယာက ပြောသည်။

အဆိုပါ ဘတ်စ်ကား မတော်တဆမှုကြောင့် ဒဏ်ရာရသွားသူများကိုလည်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးထားသည်ဟု အာဏာပိုင်များက ပြောသည်။

ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လမ်းမတော်တဆမှုများကြောင့် လူပေါင်း ၆,၈၇၉ ဦး အထိ သေဆုံးခဲ့ကြောင်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly