ကလေးအဖေ ဖြစ်သွားပြီဖြစ်တဲ့ ဂျိုဆောင်မို

ကလေးအဖေ ဖြစ်သွားပြီဖြစ်တဲ့ ဂျိုဆောင်မို

တောင်ကိုရီယား အဆိုတော် ဂျိုဆောင်မို၏ဇနီးသည် သားဦးလေး မွေးဖွားခဲ့ကြောင်းနှင့် အိမ်ထောင်သက်တမ်း ငါးနှစ်ကြာပြီးနောက် ယခုအခါ ဂျိုဆောင်မိုသည် ဖခင်ဘဝသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဂျိုသည် သားငယ်နှင့်အတူ ရိုက်ထားသည့် ဓာတ်ပုံကို အောက်တိုဘာ ၂၆ ရက် နံနက်က ၎င်း၏ Instagram အကောင့်တွင် တင်ခဲ့သည်။ “ချစ်လှစွာသော ပရိတ်သတ်များ ကျွန်တော် ဒီနေ့မ နက်မှာ ဖခင် ဖြစ်သွားပါပြီ။ သားလေးလည်း ကျန်းမာပါတယ်။ ဇနီးဖြစ်သူကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အလုပ်တွေ ပိုပြီး ကြိုးစား လုပ်သွားမယ်”ဟု ဂျိုက Instagram တွင် ပြောကြားထာသည်။

“ဇနီးဖြစ်သူ ဂိုမင်ဂျီဟာ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ နံနက်ခင်းတွေမှာ ပျို့အန်တဲ့ ဝေဒနာကို ခံစားရတယ်။ ဇနီးသည်ဟာ နှစ်လကြာ ဆေးရုံတတ်ခဲ့ရတယ်။ ကိုယဝန်ဆောင်စဉ်မှာပဲ အူအတတ်ကို ဖယ်ရှားခဲ့ရတယ်” ဟု ဂျိုက ရေးသားခဲ့သည်။

“ကျွန်တော်တို့ ကလေးကို အခုထိ နာမည်မပေးရသေးပါဘူး။ မိုဂေါင်ပန်းလိုမျိုး အလျင်အမြန် ကြီး ထွားလာဖို့ ရည်ရွယ်တဲ့အနေနဲ့ ကျွန်တော်တို့ သားငယ်ကို မိုဂေါင်လို့ ခေါ်ကြတယ်။ သားငယ်ကို နာမည်ပေးဖို့ စဉ်းစားနေတုန်းပါပဲ” ဟု  ဂျိုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly