မန္တလေးစံနန်းတော် အိမ်ယာမှ တိုက်ခန်း ၄၅ခန်းကို ဖယ်ရှား

မန္တလေးစံနန်းတော် အိမ်ယာမှ တိုက်ခန်း ၄၅ခန်းကို ဖယ်ရှား

မန္တလေး၊ ဇန်နဝါရီ ၂၅၊ ၂၀၂၀ ။                   ။ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၄လမ်း ၆၅လမ်းနှင့် ၆၆လမ်းကြားရှိ အငြိမ်းစားအများစု ဝယ်ယူနေထိုင်ကြသည့် စံနန်းတော်အိမ်ရာမှ တိုက်ခန်း ၄၅ ခန်း ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စတင်ပြီး လူမှုဖူလုံရေး ဦးစီးဌာနက ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ရှင်းလင်း ဖယ်ရှာခံရသူ အများစုသည် လက်ရှိတွင် ပြောင်းရွှေ့ နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး ဖယ်ရှားခံရသူများသည် စံနန်းတော် ဆောက်လုပ်ရေး ကုမ္ပဏီမှ ၁၉၉၉ခုနှစ်တွင် တရားဝင် ဝယ်ယူ နေထိုင်ကြသူများဖြစ်သည်။

အလုပ်သမားဆေးရုံကြီးပိုင် မြေနေရာတွင် စံနန်းတော် ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီနှင့် ယခင် အလုပ်သမား ဆေးရုံအုပ်ကြီးတို့က တရားဝင် စာရွက်စာတမ်းများဖြင့် ရောင်းချထားခဲ့သော တိုက်ခန်းများ ဖြစ်ကြောင်းသိရသည်။

"ပစ္စည်းတွေရွှေ့ပြီး ဘယ်ထားရမယ်ဆိုတာ မသိဘူး။ လောလောဆယ် နေစရာလည်း မရှိသေးဘူး"ဟု စက်မှု လက်မှု သိပ္ပံကျောင်းမှ အငြိမ်းစား ကျောင်းဆရာ ဦးစံဌေးက ပြောသည်။
ယခုလို ရှင်လင်းဖယ်ရှားမှုတွေပြုလုပ်နေသော်လည်း အစားထိုးနေထိုင်ရန် နေရာပေးခြင်းမရှိသလို ကျူးကျော်နေထိုင်သည်ဟု ဆိုကာ ရှင်းလင်းဖယ်ရှားနေခြင်းသည် ဖယ်ရှားခံရသူများ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည်ဟု ဖယ်ရှားခံရသူများကပြောသည်။

လူမှုဖူလုံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ရှင်းလင်းဖယ်ရှားနေခြင်းသည် အစိုးရနှင့်ပြည်သူလူထုကြား ရှုတ်ထွေးအောင် လုပ်ဆောင်နေခြင်း ဖြစ်သည် ဟု ဖယ်ရှားခံရသူ ဦးသန်းထွန်းအောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly