အမေရိကန်စစ်တပ် ထွက်သွားရေး အီရတ်မှာ လူသောင်းချီ ချီတက်ဆန္ဒပြ

အမေရိကန်စစ်တပ် ထွက်သွားရေး အီရတ်မှာ လူသောင်းချီ ချီတက်ဆန္ဒပြ

ဇန်နဝါရီ ၂၅ ။                  ။  အီရတ်နိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ဘာသာရေးခေါင်းဆောင် မိုတာဒါဆာဒါးကို ထောက်ခံသူ သောင်းနှင့်ချီသော လူအုပ်ကြီးက ဇန်နဝါရီ ၂၅ ရက်၌ ဘဂ္ဂဒက်မြို့တွင် စုရုံးချီတက်ကြကာ အမေရိကန်တပ်ဖွဲ့ဝင်များ နိုင်ငံတွင်းမှာ ထွက်သွားရေး တောင်းဆိုဆန္ဒပြကြသည်။

အီရတ်နိုင်ငံအနေဖြင့် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပရေးနှင့် ပိုမို တာဝန်ယူမှု တာဝန်ခံမှု ရှိရေး တောင်းဆိုကြသော အောက်တိုဘာလမှ စတင်ဖြစ်ပွားသည့် လများစွာ ကြာမြင့်နေသည့် ဆန္ဒပြမှုများကို ရင်ဆိုင်နေရချိန် ယခု ဆန္ဒပြပွဲက သီးခြားထွက်ပေါ်လာသည့် နိုင်ငံရေး မတည်ငြိမ်မှုပဲ ဖြစ်သည်။

ဘဂ္ဂဒက်အရှေ့ပိုင်း ဂျာဒီရီယက်ခရိုင်တွင် ပြာလွင်သော ကောင်းကင်အောက် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် သောင်းနှင့်ချီသော လူအုပ်ကြီးက “ကျူးကျော်သူတွေ ထွက်သွားကြ၊ ထွက်သွားကြ”ဆိုကာ ကြွေးကြော်အော်ဟစ်ကြသည်။

အချို့သော ဆန္ဒပြသူများက ‘အမေရိကန် ကျဆုံးစေ’ဆိုသော အာရေဗျနှင့် အင်္ဂလိပ်လို ရေးထားသော ဆိုင်ဘုတ်များ ကိုင်စွဲကာ ချီတက်ခြင်း ဖြစ်သည်။ တစ်ဦးသော ဆန္ဒပြသူ ကိုင်စွဲထားသည့် ဆိုင်းဘုတ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုးစင်တင်ရေး ရေးသားထားသည်ကို တွေ့ရသည်။

ဘာသာရေးခေါင်းဆောင် ဆာဒါး၏ ကိုယ်စားလှယ်တစ်ဦးက စင်မြင့်ပေါ်တက်ကာ ဩဇာအာဏာရှိသော ရှီယိုက်ဘာသာရေးခေါင်းဆောင်နှင့် ထင်ရှားသော နိုင်ငံရေးသမားလည်းဖြစ်သည့် ဆာဒါး ရေးသားထုတ်ပြန်ချက်ကို ဖတ်ကြားသည်။

အီရတ်နိုင်ငံတွင်းက နိုင်ငံခြားတပ်ဖွဲ့များ အားလုံး ထွက်သွားရန်၊ အမေရိကန်နှင့် အီရတ်၏ လုံခြုံရေးသဘောတူညီချက်များကို ပယ်ဖျက်ရန်၊ အမေရိကန်စစ်တပ်နှင့် ထောက်လှမ်းရေးလေယာဉ်များအား အီရတ်ဝေဟင်သို့ မဝင်မခံရန် စသည့်အချက်များ ဖတ်ကြားချက်၌ ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly