ရတနာပုံဈေး မီးလောင်မှုတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဟိန်းထက်အောင် လေ့ကျင့်ခန်း ပြန်လုပ်နိုင်ပြီ

ရတနာပုံဈေး မီးလောင်မှုတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဟိန်းထက်အောင် လေ့ကျင့်ခန်း ပြန်လုပ်နိုင်ပြီ
ပုံ- ပုလဲငွေရောင် အရန်မီးသတ်တပ်ဖွဲ့ (fb)  မန္တလေး ရတနာပုံစျေးမီးလောင်မှုတွင် ဒဏ်ရာ ရရှိခဲ့သော  ဟိန်းထက်အောင်ကိုတွေ့ရစဉ်။

ရန်ကုန်၊ ဇန်နဝါရီလ ၂၄။                 ။ မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးရတနာပုံဈေး(Sky Walk) မီးလောင်ကျွမ်းမှုတွင် မီးငြှိမ်းသတ်ရေး ဆောင်ရွက်ခဲ့သော မန္တလေးအရန်မီးသတ် တပ်ဖွဲ့မှ ဒုတပ်ကြပ် ဟိန်းထက်အောင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း အခုအခါ မန္တလေး ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံ၌ အသေးစား လေ့ကျင့်ခန်းများ လုပ်နိုင်လာပြီး ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်အောင်သည် ဇန်နဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့သော Sky Walk မီးလောင်မှုတွင် မန္တလေးအရန်မီးသတ်တပ်ဖွဲ့ ဝင် များနှင့်အတူ မီးငြှိမ်းသတ်ရေး ဆောင်ရွက်စဉ် ဈေးဒုတိယအထပ် Sunshande ပေါ်တက်၍ မှန်ခွဲရန် တက်ရောက်စဉ် ရေဝ နေသည့် Sunshade ပြားနှင့်အတူ ပြုတ်ကျခဲ့ရာမှ မြေအောက်ခန်းသို့ ဆင်းသည့် လှေခါးပေါ်သို့ ကျခဲ့ခြင်းကြောင့် ပေါင် အကျိုးရိုးပြီး ဒူးဆစ်ကြေ၍ မေးရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သည်။

ထို့နောက် မန္တလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရာ ယခုအခါမှာတော့ ဒဏ်ရာများ ပြန်လည် သက်သာ လာခဲ့ပြီး အသေးစား လေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာဇံမြို့နယ် ပုလဲငွေရောင် အရန်မီးသတ်တပ်ဖွဲ့မှာ တပ်စုမှူး ဦးတင်ဝင်းထွန်းက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

 

“ကျန်းမာရေး အခြေအနေက ခွဲစိတ်မှုက အောင်မြင်ပါတယ်၊ ရှေ့လျှောက် လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ ခြေထောက်၊ ဒူး တို့ လေ့ကျင့်ခန်းတွေ လုပ်ပြီး သက်သာတဲ့ အခါ ဆေးရုံပေါ်က ဆင်းလို့ရပါပြီး။ အိမ်ကြရင်တော့ သူ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေက ဆက်ပြီးတော့ လုပ်ပြီးရမယ်၊ ဒါမှ ပျောက်ကင်းမှာပါ။ လောလောဆယ်တော့ အိမ်ယာပေါ်မှာ နေရ အုန်းမှာပါ။ ချိုင့်ထောင့်နဲ့ လျှောက်လို့ ရအောင် လုပ်ရအုန်းမှာ” ဟု ၎င်းက ပြောသည်။

ဟိန်းထက်အောင်သည် အရန်မီးသတ် စေတနာ့ ဝန်ထမ်းတစ်ဦး ဖြစ်သည့်အပြင် ၎င်းအလုပ် လုပ်ကိုင်နေသည့် CB ဘဏ် တွင်လည်း အငယ်တန်း စာရေးအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ မိသားစုသည် စီပွားရေး အဆင်ပြေသည့် အခြေအနေမျိုး မရှိသည့်အတွက် အစပိုင်း၌ ကုသမှုအတွက် အခက်အခဲ ဖြစ်နိုင်သဖြင့် ဦးတင်ဝင်းထွန်း ဦးဆောင်၍ အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။

ဦးတင်ဝင်းထွန်းက “ဆေးရုံမှာက ဆရာမတွေက ခြေချောင်းတွေ လှုပ်ခိုင်းတာ၊ ကွေးခိုင်းတာ၊ မခိုင်းတာ၊ ထပြီး ငုပ်တုတ် ထိုင်ရတာတွေက ဆေးရုံပေါ်မှာ လုပ်ရမှာပါ။ ထိုင်နိုင်ပြီ၊ ခြေထောက်တွေကလည်း အောက်ကို တွဲ လောင်းချနိုင်ပြီ။ ကွေးနိုင် ဆန့်နိင်ပြီဆို ဆေးရုံက ဆင်းမှာပါ”ဟု ပြောသည်။

အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ကြပ် ဟိန်းထက်အောင်၏ ဆေးကုသမှု စရိတ်များကို မန္တလေးဆေးရုံကြီးက တာဝန်ယူ ထား ကြောင်း၊ သို့သော်လည်း လာရောက် လှူဒါန်းသည့် အလှူရှင်များ ရှိသည့်အတွက် အလှူငွေ ကျပ်သိန်း ၂၀၀ ကျော် ရရှိ ထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly