ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ အစောဆုံး အထုတ်ခံရမယ့် နည်းပြအဖြစ် ဆိုးလ်ရှား ရေပန်းစား၊ ၎င်းနေရာ အစားထိုးဖို့ နည်းပြ (၃)ဦးစာရင်း ထွက်ပေါ်

ပရီးမီးယားလိဂ် နည်းပြတွေထဲမှာ အစောဆုံး အထုတ်ခံရမယ့် နည်းပြအဖြစ် ဆိုးလ်ရှား ရေပန်းစား၊ ၎င်းနေရာ အစားထိုးဖို့ နည်းပြ (၃)ဦးစာရင်း ထွက်ပေါ်
Photos: EPA

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဗုဒ္ဓဟူးညက ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အစောဆုံးအထုတ်ခံရမယ့် နည်းပြအဖြစ် ထိပ်ဆုံးက ရေးပန်းစားလာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် (၄)ပွဲမှာ (၃)ပွဲမြောက် ရှုံးပွဲလည်းဖြစ်လာခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်မှာ ထုတ်ပယ်ခံရဖို့ အလေးပေးမှုမှာ (၈/၁၁)အထိ ရောက်ရှိသွားခဲ့ပါတယ်။

အရင်က အထုတ်ပယ်ခံရဖို့ ထိပ်ဆုံးမှာ ဦးဆောင်နေသူက ဘုန်းမောက်အသင်းရဲ့ နည်းပြ အက်ဒီဟောင်းဖြစ်ပြီး အခုချိန်မှာတော့ သူ့ရဲ့နေရာကို ဆိုးလ်ရှားက ရယူခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့နောက်မှာတော့ အက်စတွန်ဗီလာအသင်း နည်းပြ ဒင်းစမစ်က ရပ်တည်နေပါတယ်။

အသက် (၄၆)နှစ်အရွယ် နည်းပြ ဆိုးလ်ရှားက ဘန်လေနဲ့ပွဲအပြီးမှာ သူတို့အသင်းဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်း မရှိဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

သတင်းတွေအရ ယူနိုက်တက်ဘုတ်အဖွဲ့က အသင်းရဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားနေရာကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားလာပြီး သူ့နေရာမှာ အစားထိုးဖို့ ဆန်ခါတင် နည်းပြ (၃)ဦးစာရင်းကို ပြုစုပြီးပြီလို့လည်း ထွက်ပေါ်နေပါတယ်။

အဲဒီနည်းပြ (၃)ဦးကတော့ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနို၊ လက်ရှိအင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်နဲ့ လိုက်ပ်ဇက် နည်းပြ ဂျူလီယန် နာဂျယ်လ်မ်တို့ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly