ဟွန်ဒူးရပ်စ်မှ နေရပ်စွန့်ခွာသူများ ဂွာတီမာလာနိုင်ငံဖြတ်ကာ မက္ကဆီကိုသို့ရောက်ရှိ

ဟွန်ဒူးရပ်စ်မှ နေရပ်စွန့်ခွာသူများ ဂွာတီမာလာနိုင်ငံဖြတ်ကာ မက္ကဆီကိုသို့ရောက်ရှိ

ဇန်နဝါရီ ၂၄။                          ။   အမေရိကန်ပြည်ထောင်စုသို့ ဦးတည်သွားနေကြသော ဟွန်ဒူးရပ်စ်မှ နေရပ်စွန့်ခွာလာကြသည့် ရွေ့ပြောင်း နေထိုင်သူ ခြေလျင်ခရီးသည် ၃၅၀၀ ခန့်သည် ယခုအခါ မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ရွေ့ပြောင်း နေထိုင်သူများသည် ယခုရက်သတ္တပတ်တွင် မက္ကဆီကိုတောင်ပိုင်း ချီရာပက်စ်ပြည်နယ်ရှိ ဟီဒယ်ဂို မြို့သို့ ‌ခြေလျင်ခရီး စတင်နေကြပြီဖြစ်သည်။ ၎င်းတို့ကို  တားဆီးရန်အတွက် မက္ကဆီကို လုံခြုံရေး အစောင့်တပ် များကို အဝေးပြေး လမ်းမကြီး တလျှောက် တပ်ဖြန့် ချထားသည်။

အယ်ဆာဗေဒို၊ ဂွာတီမာလာနှင့် ဟွန်ဒူးရပ်စ်နိုင်ငံတို့တွင် ရေရှည်ဆင်းရဲတွင်း နက်နေမှုနှင့် ရက်စက်သော အကြမ်းဖက် ဂိုဏ်းများကြောင့် ပြီးခဲ့သည့်နှစ်များ အတွင်းက အဆိုပါ အမေရိကန် အလယ်ပိုင်းဒေသမှ ပြည်သူများသည် မက္ကဆီကိုနိုင်ငံကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ဦးတည်ပြောင်းရွေ့လာကြခြင်း ဖြစ်သည်။

ကလေးများ၏ အနာဂတ် ပိုမိုကောင်းမွန်စေရေးအတွက် ထိုသို့ပြောင်းရွေ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

၂၀၂၀ ကန္တာရခရီးသည်ဟု ခေါ်ဆိုကြသည့် ၃၅၀၀ ဦးရေရှိသော ထိုပြောင်းရွေ့ နေထိုင်သူများသည် ဇန်နဝါရီ ၁၄ ရက်က ဟွန်ဒူးရပ်စ်မှ စတင် ထွက်လာကြပြီး ဂွာတီမာလာနိုင်ငံကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း နယ်စပ်ရှိ ဆူချီအာတေးမြစ်ကို ဖြတ်ကျော်ရန် ကြိုးစားသည့် ရွေ့ပြောင်း နေထိုင် သူများကို မက္ကဆီကို လုံခြုံရေး အစောင့်တပ်များက မျက်ရည်ယိုဓ ာတ်ငွေ့များဖြင့် ပစ်ခတ်တားဆီးခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly