တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ၂၅ ဦးရှိကာ ကူးစက်ဖြစ်ပွားသူ ၈၃၀ ရှိ

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ၂၅ ဦးရှိကာ ကူးစက်ဖြစ်ပွားသူ ၈၃၀ ရှိ

ဇန်နဝါရီ ၂၄။               ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် သေဆုံးသူ ဦးရေးသည် ၂၅ ဦးအထိ ရှိသွားပြီး ကူးစက်ခံထားရသူပေါင်းက ၈၃၀ ရှိကြောင်း အစိုးရက ဇန်နဝါရီ ၂၄ ရက်၌ ထုတ်ပြန်သည်။

ယင်း ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဝူဟန်မြို့တွင် ကူးစက်ခံရသညဟု သံသယရှိရသူပေါင်း ၁၀၇၂ ဦိးကို အာဏာပိုင်များက စစ်ဆေးစမ်းသပ်လျက် ရှိသည်ဟု အမျိုးသားကျန်းမာရေးကော်မရှင်က ဆိုသည်။

ယင်းရောဂါပိုးနှင့် ပတ်သက်ကာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ‌သတ်မှတ်ရန် စံမပြည့်မီဘူးဆိုကာ ကြေညာချက်ထုတ်ပြီး နာရီပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံက ယင်းရောဂါကူးစက်ခံရသည့် မြင့်မားသည့် နှုန်းထားအား ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ဝူဟန်မြို့တစ်ဝန်းက ပြည်သူ သန်း ၂၀ နီးပါးကို ရောဂါခြေချုပ်အဖြစ် ခရီးသွားလာမှုများ ထိထိရောက်ရောက် ပိတ်ပင်တားဆီးထားသကဲ့သို့ အနီးနားက မြို့အချို့တွင်လည်း ရောဂါအား ကြိုတင်ကာကွယ် တုံ့ပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံတစ်ဝန်းတွင် လနှစ်သစ်ကူး သီတင်းပတ်တာ အားလပ်ရက်အတွက် သန်းပေါင်းများစွာသော ပြည်သူများ ခရီးသွားလာမှုများ ရှိနေသည့် ကာလအတင်း ရောဂါမပျံ့နှံ့ရေး လုပ်ငန်းစဉ်များကို ကြေညာချက်ထုတ်ကာ ဆောင်ရွက်နေရခြင်းလည်း ဖြစ်သည်။

စက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခရာဖြစ်သော လူဦးရေ ၁၁ သန်းရှိရာ ဝူဟန်မြို့က လမ်းများနှင့် ရှော့ပင်းစင်တာများသည် အာဏာပိုင်များ ဒေသခံများအနေဖြင့် မြို့မှ မထွက်ခွာရန် တားမြစ်ချက် ထုတ်လိုက်ပြီးနောက် ခြောက်ခြားစဖွယ် တိတ်ဆိတ်လျက် ရှိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly