ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်တွင် သတင်းကြေညာသူများပါ နှာခေါင်းစည်းတပ်ဆင်ထား

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်တွင် သတင်းကြေညာသူများပါ နှာခေါင်းစည်းတပ်ဆင်ထား

ဇန်နဝါရီ ၂၃ ။       ။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ  နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး စတင်တွေ့ရှိခဲ့ပြီး ဒီအကြောင်းကိုတင်ဆက်ပေးနေတဲ့  သတင်းကြေညာသူတွေဟာလည်း ကင်မရာရှေ့မှာ နှာခေါင်းစည်းတပ်ဆင်ထားကြပါတယ်။

နှာခေါင်းစည်းတပ်ပြီး သတင်းတင်ဆက်နေတဲ့ သတင်းကြေညာသူတွေရဲ့ ဓာတ်ပုံတွေဟာ အခုဆိုရင် တရုတ် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo မှာ ပျံ့နှံ့လို့နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိရာ ဝူဟန်မြို့ အခြေအနေကို အလျင်အမြန်သိရှိဖို့အတွက်ဆို ဒေသန္တရသတင်းကို ဖွင့်ကြည့်ဖို့လိုအပ်ပြီး သတင်းကြေညာသူတွေကို  ကြည့်မိကြမှာပါပဲ။

ဝူဟန်မြို့မှာ အခုလို နှာခေါင်းစည်းတပ်ပြီး သတင်းတင်ဆက်နေကြတဲ့အတွက် သူတို့အတွက် အန္တရာယ်ကင်းရုံတင်မကဘဲ လိုက်နာမှုမရှိတဲ့သူတွေကိုပါ စည်းရုံးသိမ်းသွင်းရာရောက်တယ်လို့ အင်တာနက်အသုံးပြုသူတွေက ရေးသားပြောဆိုနေကြပြီး  နှာခေါင်းစည်းတပ်ထားတဲ့ သတင်းကြေညာသူတွေနဲ့ အစီအစဉ်တင်ဆက်သူတွေကို ချီးကျူးနေကြပါတယ်။

SARS ရောဂါပိုးနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် လူ ၉ ဦးကို သေစေခဲ့ပြီးဖြစ်သလို ၅၀၀ ကျော် ရောဂါကူးစက်ခံနေကြရပါတယ်။ အာဏာပိုင်များဟာ ဝူဟန်မြို့အဝင်အထွက်ကိုလည်း ပိတ်ပင်ထားပြီး ရထားခရီးစဉ်တွေနဲ့ လေယာဉ်ခရီးစဉ်တွေကိုလည်း လက်ရှိအချိန်မှာ ဖျက်သိမ်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly