မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ဂျီနိုဆိုက်ကွန်ဗင်းရှင်း အား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ ကြားဖြတ်အရေးယူမှု ၄ ချက် ချမှတ်ဆောင်ရွက်ရန် အမိန့်ချ

By ဟိန်းသက်ဦး
23 January 2020
မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ဂျီနိုဆိုက်ကွန်ဗင်းရှင်း အား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ ကြားဖြတ်အရေးယူမှု ၄ ချက် ချမှတ်ဆောင်ရွက်ရန် အမိန့်ချ

ဇန်နဝါရီ ၂၃။             ။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ တွင် နယ်သာလန် နိုင်ငံ၊ သည်ဟိတ် မြို့တွင် ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှ မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ ဂျီနိုဆိုက်ကွန်ဗင်းရှင်း အား ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားမှုအပေါ် ကြားဖြတ်စီမံဆောင်ရွက်ချက် ၄ ချက် အား ဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ အဆိုပါ ကြားဖြတ်စီမံဆောင်ရွက်ချက် ၄ ချက်မှာ -

(၁) လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက်ဟု ယူဆနိုင်သည့်၊ ဂျီနိုဆိုက်ဟု  ဦးတည်သွားစေနိုင်သည့် အရာအားလုံးကို မြန်မာအစိုးရ မှ ရပ်တန့်ပေးဖို့နှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြုကျင့်ခြင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အိုးအိမ် နှင့် ရပ်ရွာများကို မီးရှို့ခြင်း၊ တိရစ္ဆာန် နှင့် မြေယာများအား မီးရှို့ဖျက်ဆီးခြင်း၊ အသက်ရှင်နေထိုင်ရေး အတွက် လိုအပ်သောအရာများအား ဖျက်ဆီးခြင်း မပြုရန်။

(၂)  မြန်မာစစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ အခြားလူပုဂ္ဂိုလ် နှင့် မည်သည့် အဖွဲ့အစည်း က မဆို ဂျီနိုဆိုက်ကို ထပ်မံမကျူးလွန်ရန်၊ ဂျီနိုဆိုက်ကျူးလွန်မှု အပေါ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျီနိုဆိုက်ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ ပါဝင်ပက်သက်ခြင်း နှင့် ဥပဒေမဲ့ စီရင်ခြင်းတို့အား မပြုလုပ်ရန်။

(၃) မြန်မာနိုင်ငံဘက်မှ ကျူးလွန်ခဲ့သည့် သက်သေအထောက်အထားများ အား ထိန်းသိမ်းထားဖို့၊ သက်သေခံပစ္စည်း ကြည့်ရှုခွင့် နှင့် ဖျက်ဆီးခြင်း မပြုလုပ်ရန်။

(၄) ကြားဖြတ်စီမံဆောင်ရွက်ချက် လုပ်ငန်းအစီရင်ခံစာအား ၄ လ အတွင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံသို့ ပေးပို့ပေးရန် နှင့် အမှုပြီးဆုံးသည့် အချိန်အထိ ၆ လ တိုင်း အစီရင်ခံစာ ပေးပို့သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly