ဆီယက်တဲလ်မြို့ သေနတ်ပစ်ခတ်မှု လူ ၁ ဦး သေ၊ အများအပြား ဒဏ်ရာရ

ဆီယက်တဲလ်မြို့ သေနတ်ပစ်ခတ်မှု လူ ၁ ဦး သေ၊ အများအပြား ဒဏ်ရာရ

ဇန်နဝါရီ ၂၃။              ။ အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်မြို့၏ မြို့လယ်ခေါင်တွင် ဇန်နဝါရီ ၂၂ ရက်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွား၍ လူတစ်ဦး သေဆုံးကာ ကလေးတစ်ဦးအပါအဝင် လူအများအပြား ဒဏ်ရာရ သွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြို့တွင်းရှိ ခရီးသွားများနှင့် အထူးစည်ကားသည့် ဧရိယာတစ်ခုအနီး အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ယင်း ပစ်ခတ်မှုနှင့်ပတ်သက်၍ အနည်းဆုံး သံသယတရားခံတစ်ဦးကို လိုက်လံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြို့နေ ပြည်သူများကိုလည်း သတိရှိရှိ နေကြရန် ရဲတပ်ဖွဲ့က ဆော်သြထားကြောင်း သိရသည်။

ယခု ဖြစ်စဉ်သည် နှစ်ရက်အတွင်း ယင်းဧရိယာတွင် တတိယမြောက် ဖြစ်ပွားသည့် ပစ်ခတ်မှုလည်း ဖြစ်လာခဲ့သည်။

ယင်းအပြင် အမေရိကန်ပြည်ထောင်စုအတွင်းရှိ ဘုရားကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် အခြား အများပြည်သူဆိုင်ရာ နေရာများတွင် ဖြစ်ပွားသော နောက်ထပ် လက်နက်ကိုင် ရမ်းကားတိုက်ခိုက်မှု ဖြစ်စဉ်လည်း ဖြစ်လာခဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly