YBS ၆၁ ယာဉ်မောင်းအား ဓားနဲ့ခုတ်သူအမျိုးသား၃ဦး ကိုရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲပြီးရှာဖွေနေ

YBS ၆၁ ယာဉ်မောင်းအား ဓားနဲ့ခုတ်သူအမျိုးသား၃ဦး ကိုရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲပြီးရှာဖွေနေ
လူမှုကွန်ယက်တွင်ပျံ့နှံ့လာသောပုံ

ဇန်နဝါရီ ၂၂။                ။ အင်းစိန်မြိုနယ်၊ပေါက်တောဝ မှတ်တိုင်တွင် ဒီဇင်ဘာ ၂၄ရက်က YBSယာဉ်မောင်းအား အသင့်ကိုင်ဆောင်လာသည့် ဓားနဲ့ခုတ်၊ဆန်ထိုးပိုက်ဖြင့် ထိုးခဲ့သူ အမည်မသိ အမျိုးသား၃ ဦးကို ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ့ပြီး ရှာဖွေဖမ်းဆီးနေကြောင်း အင်းစိန်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

အင်းစိန်မြို့မရဲတပ်ဖွဲမှူး ရဲမှူးစိန်ဝင်း က"ဒဏ်ရာ ရတဲ့လူက ဆေးရုံကဆင်းသွားပြီ တကယ်က သူတို့ဖြစ်ခဲ့တာ လည်းတန်းမှာ ယာဉ်မောင်းနဲ့ စကားများခဲ့ကြတာပါ။ အခုက ကြောက်လန့်ပြီး ရှောင်နေတယ်" ဟု မဇ္ဈိမသတင်းဌာနသို့ပြောသည်။

ဖြစ်စဉ်မှာ YBS ၆၁ယာဉ်မောင်းကိုကြည်ခိုင်အား ဒီဇင်ဘာ ၂၄ရက် နေ့တွင် ပေါက်တောဝ မှတ်တိုင်အရောက်တွင်အမည်မသိအမျိုးသား ၃ဦးကားပေါ်တက်လာပြီး  ဓားဖြင့် ခုတ်၊ ဆန်ထိုးပိုက်ဖြင့်ထိုး လက်သီးနှင့် ဆင့်ကာ ထိုးခဲ့သည့်ဗီဒီယိုဖိုင် မှာလူမူကွန်ယက်စာမျက်နှာထက်မှာပျံ့နှံလာပြီးနောက် လူများအကြားတွင် ဝေဖန်ပြောဆိုလျက်ရှိသည်။

"မကြာခင်မိမှာပါ။အဖွဲ့သုံးဖွဲ့ခွဲပြီးတော့ လိုက်နေပါတယ်။  ဒုစရိုက်နိမ်နှင်းရေးကလည်းဖွဲ့ထားတယ်။ အမှုစစ်အဖွဲ့ကလည်း အဖွဲ့ဖွဲထားပါတယ်။နယ်ထိန်းအဖွဲတွေလည်း သက်ဆိုင်ရာနေရာတွေလွှတ်ပြီး ရှာဖွေ့စုံစမ်းလျက်ရှိ ပါတယ် " ဟု ရဲမှူး စိန်ဝင်း ကဆက်လက်ပြောဆိုသည်။

အခင်းဖြစ်ပွားရာနေ့တွင် ဒဏ်ရာများဖြင့်လဲကျနေသော ယာဉ်မောင်းကိုအင်းစိန်ဆေးရုံကို ပရဟိတအဖွဲ့များ ကဆေးရုံပို့ဆောင်ပေးခဲ့သည်။ ကိုကြည်ခိုင်မှာ လက်ရှိအချိန်တွင်ဆေးရုံမှဆင်းပြီးနေအိမ်တွင် အနားယူလျက်  ရှိကြောင်း သိရသည်။ဓားဖြင့်ထိုးခဲ့သူအမျိုးသား ၃ ဦးမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရျိသည်။

ဓားဖြင့်ခုတ်၊ဆန်ထိုးပိုက်နှင့်ထိုးခဲ့သူ အမျိုးသား ၃ ဦးအား အင်းစိန်မြို့မ ရဲစခန်းမှ (ပ)အမှတ် ၉၅/၂၀၂၀ ပုဒ်မ ၃၂၅/၃၂၆/၁၁၄တိုဖြင့် အရေးထားကာ တရားခံဖမ်းဆီးရရှိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း အင်းစိန်ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly