ရုရှားအစိုးရသစ်တစ်ရပ် သမ္မတပူတင် ဖွဲ့စည်း

ရုရှားအစိုးရသစ်တစ်ရပ် သမ္မတပူတင် ဖွဲ့စည်း

ဇန်နဝါရီ ၂၂ ။                          ။  ရုရှားအစိုးရအဖွဲ့သစ်တစ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးလိုက်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇန်နဝါရီ ၂၁ ရက်တွင် ကြေညာလိုက်သည်။နိုင်ငံတွင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပူတင်က ကြေညာခဲ့ခြင်း၊ ဝန်ကြီးချုပ်ဟောင်း မက်ဗီဒက်ဗ် နုတ်ထွက်သွားခြင်းတို့ ပေါ်ပေါက်ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ရုရှားအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။      

၀န်ကြီးချုပ်သစ် မစ်ခ်ဟေး မစ်ရူစတင် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ပူတင်က ပြောသည်။၀န်ကြီးချုပ်သစ် ဦးဆောင်မည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်ရန်၊ လူနေမှုအဆင့်အတန်းများ တိုးမြင့်လာရန် အဓိက လုပ်ဆောင်သွားသင့်ကြောင်းလည်း ပူတင်က ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် အစိုးရသစ်တွင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် စွမ်းအင်ဝန်ကြီးများ အဖြစ် ဝန်ကြီးချုပ်ဟောင်း မက်ဗီဒက်ဗ်လက်ထက်က ဝန်ကြီးများကိုသာ အပြောင်းအလဲမရှိ ဆက်လက်ထည့်သွင်းခဲ့သည်။သို့သော် အစိုးရသစ်တွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီးများ နေရာကို သမ္မတ ပူတင်က အပြောင်းအလဲလုပ်ပြီး လူသစ်များကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly