ဂင်းနစ်စံချိန် ထပ်မံချိုးခဲ့သည့် ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယသူလေး နီလန်ရှီ

ဂင်းနစ်စံချိန် ထပ်မံချိုးခဲ့သည့် ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယသူလေး နီလန်ရှီ

ဇန်နဝါရီ ၂၂။               ။ ဆံပင်အရှည် ၁၉၀ စင်တီမီတာရှိသည့် အသက် ၁၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသူ နီလန်ရှီပတ်တဲလ်သည် ကမ္ဘာ့ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် မိန်းကလေးအဖြစ် ဂင်းနစ်စံချိန်ကို ဆက်လက်ထိန်း ထားနိုင်ခဲ့သည်။

နီလန်ရှီသည် ဂူဂျာရက်ပြည်နယ် မိုဒါဆာမြို့တွင် နေထိုင်သူဖြစ်ပြီး ငယ်စဉ်က အလှပြင်ဆိုင်တစ်ဆိုင်၌ ဆံပင်သွားညှပ်ရာမှ စိတ်တိုင်းမကျဖြစ်ခဲ့ကာ ထိုအချိန်မှစ၍ ဆံပင်အရှည်ထားခဲ့ခြင်းဖြစ်သည်။

နီလန်ရှီသည် ဆံပင်အရှည် ၁၇၀ ဒဿမ ၅ စင်တီမီတာ (၅ ဒဿမ ၅၉ ပေ) ဖြင့် ၂၀၁၈ ခုနှစ်က ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး ယခုအခါ သူမဆံပင်သည် ၁၉၀ စင်တီမီတာအထိပင် ရှည်နေပြီဖြစ်သည်။

သူငယ်ချင်းများက နီလန်ရှီအား Brothers Grimm ညီနောင်၏ ဂျာမန်ရိုးရာပုံပြင်ထဲက မင်းသမီးလေး ရက်ပန်ဇယ်နှင့် တူသည်ဆိုကာ ရက်ပန်ဇယ် ဟု ချစ်စနိုးဖြင့် ခေါ်ကြသည်။

 “ကျွန်မ ဆံပင်ကို တခြားဆယ်ကျော်သက်တွေလိုပဲ ထိန်းသိမ်းပါတယ်၊ အပတ်တိုင်း ခေါင်းလျှော်တယ်၊ တစ်ပတ်ကို ဆီ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လိမ်းတယ်၊ လျှော်ပြီးရင် ဆံပင်ခြောက်အောင် နေရောင်အောက်မှာ ထိုင်တယ်၊ ဒါမှမဟုတ် ဆံပင်မှုတ်စက်ကိုသုံးပါတယ်၊ အများအားဖြင့် ကျစ်ဆံမြီး ကျစ်ထားတယ်၊ ကစားတဲ့အခါနဲ့ ပွဲတွေသွားတဲ့အခါ ထုံးထားလိုက်တယ်၊ ရေကူးတဲ့အချိန်မှာတော့ အခက်အခဲရှိတယ် ”ဟု နီလန်ရှီက ပြောသည်။

နီလန်ရှီသည် ဆံပင်ညှပ်ဆိုင်သို့မသွားသည်မှာ ၁၁ နှစ်ရှိနေပြီဖြစ်ကာ မိခင်မှလည်း ဆံပင်ထိန်းသိမ်းရန်အတွက် ကူညီပေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly