မီဒီယာကို သတိပေးရင်း ကနေဒါမှာ ဘဝသစ် စတင်ပြီဖြစ်သည့် ဟယ်ရီနှင့်မီဂန်တို့ ဇနီးမောင်နှံ

မီဒီယာကို သတိပေးရင်း ကနေဒါမှာ ဘဝသစ် စတင်ပြီဖြစ်သည့် ဟယ်ရီနှင့်မီဂန်တို့ ဇနီးမောင်နှံ

ဇန်နဝါရီ ၂၂။          ။ ဗြိတိန်မင်းသား ဟယ်ရီနှင့်ဇနီးဖြစ်သူ မီဂန်တို့သည်  နောက်ယောင်ခံလိုက်နေသည့် မီဒီယာများကို သတိပေးရင်း ယခုအခါ ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာပြည်နယ် ဗစ်တိုးရီးယားမြို့တွင် သာမန်အ ရပ်သားဘဝကို စတင်ခဲ့ကြသည်။

ဇနီးမောင်နှံနှစ်ဦးသည် တော်ဝင်ဂုဏ်ပုဒ်များကိုစွန့်လွှတ်ကာ အဆင့်မြင့်နေရာမှ နောက်ဆုတ်ပြီးနောက် မင်းသားဟယ်ရီသည် ကနေဒါ ဗန်ကူးဗားကျွန်း ဗစ်တိုးရီးယားမြို့ရှိ ဇနီးမီဂန်ရှိရာသို့ ဇန်နဝါရီ ၂၁ ရက်က ရောက်ရှိ  လာပြီဖြစ်သည်။

ဟယ်ရီ၊ မီဂန်နှင့် သားလေးအာချီတို့သည် ပြီးခဲ့သည့် ခရစ်စမတ်ကာလကိုလည်း  တောအုပ်များကြားထဲရှိ အဆိုပါအိမ်၌ ဖြတ်သန်းခဲ့ကြသည်။

သားလေးအာချီ၊ ခွေးလေးများနှင့်အတူ လမ်းလျှောက်နေသည့် မီဂန်၏ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ဇနီးမောင်နှံနှစ်ဦး၏ရှေ့နေများက ထိုသို့မနှောင့်ယှက်ရန် မီဒီယာများအား တရားဝင်သတိပေးလိုက်သည်။

ပါပါရာဇီများသည် ဟယ်ရီတို့အိမ်အနီး၌ စခန်းချကာ အဝေးကြည့်မှန်ဘီလူးများကိုသုံးလျက် နေအိမ်အတွင်းကို ဓာတ်ပုံလှမ်းရိုက်ရန် ကြိုးပမ်းအားထုတ်မှုများကိုလည်းတွေ့ရကြောင်း ရှေ့နေများကပြောသည်။

မင်းသားဟယ်ရီတို့ဇနီးမောင်နှံသည် တော်ဝင်အဆင့်မြင့်နေရာမှ နောက်ဆုတ်လိုကြောင်း ဇန်နဝါရီ ၈ ရက်က အံ့အားသင့်ဖွယ် ကြေညာပြီးနောက် ယခုကဲ့သို့ အမှီအခိုကင်းကင်းနှင့် လွတ်လပ်သော သာမန်အရပ်သားဘဝအဖြစ် စတင်ခဲ့ကြခြင်းဖြစ်သည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly