သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုရေး စွဲချက်များ ဆိနိတ်လွှတ်တော်တွင် စတင် စစ်ဆေးကြားနာ

သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုရေး စွဲချက်များ ဆိနိတ်လွှတ်တော်တွင် စတင် စစ်ဆေးကြားနာ

ဇန်နဝါရီ ၂၂။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် တရားစွဲဆိုရေး စွဲချက်များနှင့်ပတ်သက်၍ ဆိနိတ်အထက်လွှတ်တော်တွင် သမိုင်းဝင် စစ်ဆေးကြားနာမှုကို ဇန်နဝါရီ ၂၁ ရက်က စတင်လိုက်ပြီ ဖြစ်သည်။

အဆိုပါ ကြားနာစစ်ဆေးမှု စတင်ချင်းမှာပင် မျက်မြင်သက်သေကိစ္စနှင့်ပတ်သက်၍ လွှတ်တော်အမတ်များအကြား အချင်းများမှုများလည်း ရှိခဲ့သည်။

အထက်လွှတ်တော်ရှိ ရီပတ်ဘလစ်ကန်အမတ်များသည် ယခု စစ်ဆေးကြားနာမှုတွင် မျက်မြင်သက်သေများ သို့မဟုတ် သက်သေအထောက်အထားသစ်များ မထည့်ဘဲ ထိန်ချန်ဖုံးဖိရန် ကြိုးစားနေကြောင်း ဒီမိုကရက်တစ်များက စွပ်စွဲသွားခဲ့သည်။

သမ္မတ ထရမ့်သည် အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော် လုပ်ဆောင်ချက်များအပေါ် နှောင့်ယှက်မှု စွဲချက်နှစ်ခုဖြင့် ရင်ဆိုင်နေရခြင်း ဖြစ်ကာ အဆိုပါစွဲချက်များသည် အောက်လွှတ်တော်၏ မဲခွဲအတည်ပြုမှုနှင့်အတူ ယခုအခါ အထက်လွှတ်တော်တွင်း ကြားနာစစ်ဆေးမှု အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သည့် ဆိနိတ် ရီပတ်ဘလစ်ကန် အမတ်အများစု ခေါင်းဆောင် မက်ကွန်းနဲလ်ကမူ လွှတ်တော်တွင် အဓိက မျက်မြင်သက်သေများ ဆင့်ခေါ်မှုကို တားမြစ်နိုင်မည့် အခြေခံစည်းမျဉ်းများကို ချမှတ်သွားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်မှာ အဓိပ္ပါယ်လုံးဝ မရှိကြောင်း၊ ယင်းသည် ထရမ့်အား အပြစ်ကနေ လွတ်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အောက်လွှတ်တော် အမတ် အဒမ် ရှရစ်ဖ်က ပြောဆိုသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly