ဘန်ကောက်တက္ကသိုလ်ဝင်းအတွင်း လိင်ပျော်ပါးပြီး ညစ်ညမ်းဆိုက်ပေါ် ဗီဒီယို တင်သည့် စုံတွဲ ရဲထံ လာအဖမ်းခံ

ဘန်ကောက်တက္ကသိုလ်ဝင်းအတွင်း လိင်ပျော်ပါးပြီး ညစ်ညမ်းဆိုက်ပေါ် ဗီဒီယို တင်သည့် စုံတွဲ ရဲထံ လာအဖမ်းခံ

ဘန်ကောက်က Kasetsart တက္ကသိုလ်ဝင်းအတွင်း လိင်ပျော်ပါးပြီး ဗီဒီယိုရိုက်ကူးသည့် စုံတွဲသည် ဇန်နဝါရီ ၂၁ ရက်၌ လာရောက်အဖမ်းခံပြီး ယင်းဗီဒီယိုကလစ်ကို ညစ်ညမ်းဆိုက်တစ်ခုပေါ် ၎င်းတို့က တင်ခဲ့ခြင်းဖြစ်သည်ကို ဝန်ခံကြောင်း ရဲဌာနက ပြောသည်။

အမည်မဖော်သည့် အသက် ၃၀ အရွယ် အမျိုးသားနှင့် ၂၄ နှစ်အရွယ် အမျိုးသမီး စုံတွဲသည် တက္ကသိုလ်ဝင်းထဲက တင်းနစ်ကွင်းတွင် လိင်ဆက်ဆံသည့် ဗီဒီယိုကို ရိုက်ကူးခဲ့ကြောင်း ဘန်ခန်းရဲစခန်းတွင် နေ့လယ်ပိုင်းက ဝန်ခံချက် ပေးလာခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုကလစ်သည် အွန်လိုင်းတွင် ပြန့်နှံ့ပြီး ၎င်းတို့ စုံတွဲကို တက္ကသိုလ်အာဏာပိုင်များက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၀ ရက် ညပိုင်းက ယင်းတင်းနစ်ကွင်းသို့ သွားရောက်ပြီး ဗီဒီယိုရိုက်ကူးကာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် တင်ခဲ့သကဲ့သို့ ‘တင်းနစ်ကွင်းဘေး လဟာပြင်တွင် လိင်ဆက်ဆံသည့် ထိုင်းဆယ်ကျော်သက်’ အမည်ဖြင့် Pornhub ဝက်ဘ်ဆိုက်တွင်လည်း တင်ခဲ့သည်ဟု ၎င်းတို့ စုံတွဲက ပြောသည်။

ယင်း ဗီဒီယိုသည် ၎င်းတို့၏ ပထမဆုံး ဗီဒီယိုဖြစ်ပြီး ဖောက်သည်များနှင့် ချိတ်ဆက်ရန် WhiteFoxSex တွစ်တာအကောင့်သို့လည်း တင်ခဲ့သည်။ အဆိုပါ ဆိုက်သို့ ဝင်ကြည့်ရင် subscribers များအနေဖြင့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ နာမည်ဖြင့် ဘဏ်အကောင့်သို့ ဘတ်ငွေ ၃၀၀ ပေးသွင်းက password ရယူရပြီး နောက်ပိုင်းတွင် တစ်လလျှင် ဘတ်ငွေ ၁၅၀ ပေးသွင်းသွားရမှာ ဖြစ်သည်။

အပြာမင်းသား၊ မင်းသမီးများကို အတုယူအားကျရ၍ ယခုကဲ့သို့ လုပ်ခြင်းဖြစ်သည်ဟု ယင်းစုံတွဲက ဆိုသည်။ အမျိုးသားဖြစ်သူက ၎င်းမှာ တက္ကသိုလ်တစ်ခုမှ ဘွဲ့ရဖြစ်သည်ဟုလည်း ဆိုသည်။

ယခုတွင် ၎င်းတို့ စုံတွဲကို အွန်လိုင်းတွင် ညစ်ညမ်းမှု ဖြန့်ဝေမှုဖြင့် စွဲချက်တင်ထားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly