ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးစားခြင်း မရှိဟု တရားရုံးဆုံးဖြတ်ချက်ကြောင့် ထိုင်းအဓိက အတိုက်အခံပါတီ ဖျက်သိမ်းမခံရ

ဘုရင်စနစ်ကို ဖြုတ်ချရန် ကြိုးစားခြင်း မရှိဟု တရားရုံးဆုံးဖြတ်ချက်ကြောင့် ထိုင်းအဓိက အတိုက်အခံပါတီ ဖျက်သိမ်းမခံရ

ဇန်နဝါရီ ၂၁။             ။ ထိုင်းနိုင်ငံက အဓိက အတိုက်အခံပါတီသည် ဘုရင်စနစ်အား ဖြုတ်ချရန် ကြိုးပမ်းခြင်း မရှိဟု တရားရုံး၏ ဇန်နဝါရီ ၂၁ ရက်က ဆုံးဖြတ်ချက်ကြောင့် တရားဝင်ဖျက်သိမ်းခံရသည့် ဘေးမှ လွတ်မြောက် ခဲ့သည်။

ကမ္ဘာကြီးကို ကြီးစိုးရေး အယူဝါဒရှိသည့် လျှို့ဝှက်အဖွဲ့အစည်း Illuminati နှင့် ချိတ်ဆက်ပတ်သက်သည့် စွပ်စွဲချက်များအပါအဝင် Future Forward Party ပါတီသည် ဘုရင်အား ဖြုတ်ချရန်နှင့် နိုင်ငံတော် ပုန်ကန်မှုများကို ကြိုးပမ်းခဲ့ခြင်း မရှိကြောင်း ထိုင်း ဖွဲ့စည်းပုံခုံရုံးက စီရင်ချက် ချခဲ့ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံတော်၏ ဥသျှောင် ဘုရင်နှင့်အတူ ဒီမိုကရက်တစ်အစိုးရကို ဖြုတ်ချရန် ယင်းပါတီက ကြိုးပမ်းခဲ့သည် ခိုင်လုံသော သက်သေမရှိ။”ဟု ခုံရုံးက ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းတွင် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ် ဘီလျှံနာသူဌေး သန်နက်သွန်ဦးဆောင်သည့် ယင်းပါတီသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ၌ တတိယအများဆုံး မဲရရှိခဲ့သည့် ပါတီဖြစ်သည်။

သန်နက်သွန်သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော စည်းရုံးပွဲများကို ကျင်းပပြုလုပ်ခြင်းများကြောင့် တရားရုံးများတွင် ၎င်းအား ပစ်မှတ်ထားပြီး အမှုစွဲဆိုခြင်းများစွာ ကြုံနေရခြင်း ဖြစ်သည်။
ယခု အမှုအား ရှေ့နေတစ်ဦးဖြစ်သည့် နက်တာပွန်က မေလအတွင်းက အမှုစွဲဆိုခြင်းဖြစ်ကာ ဇူလိုင်လတွင် လက်ခံစစ်ဆေးကြားနာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တွေးတာ၊ ကျွန်တော်တို့ လုပ်ဆောင်တာတွေနဲ့ ကျွန််တော်တို့ ရှေရှုရာတွေဟာ နိုင်ငံဥသျှောင် ဘုရင်နဲ့အတူ ဒီမိုကရက်အစိုးရကို ထိန်းသိမ်းစောင့်ရှောက်ရေးပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံအုပ်ချုပ်ရေးစနစ်မှာ အာဏာသိမ်းဖို့ မရှိအောင်၊ အာဏာရှင်အတွက် နေရာမရှိအောင်ပါပဲ။”ဟု Future Forward ပါတီအတွင်းရေးမှူးချုပ် ပီယာဘတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly