တစ်လလျှင် ကျပ်သိန်း(၂၀၀)ဖြင့် သင်္ဘောငှားရမ်းကာ ရန်ကုန်မှ ကိုကိုးကျွန်းသို့ အခမဲ့ စတင်ပြေးဆွဲ

တစ်လလျှင် ကျပ်သိန်း(၂၀၀)ဖြင့် သင်္ဘောငှားရမ်းကာ ရန်ကုန်မှ ကိုကိုးကျွန်းသို့ အခမဲ့ စတင်ပြေးဆွဲ
ဓာတ်ပုံ - ဆုမြတ်မေဇော်

ရန်ကုန်၊ ဇန်နဝါရီ၂၁။              ။  ခရီးသည် (၆၀) ဦး အပါအဝင် တန်ချိန် (၇၀၀) တင်ဆောင်နိုင်သည့် ပုဂ္ဂလိကပိုင် သင်္ဘောတစ်စီးကို တစ်လလျှင် မြန်မာငွေ ကျပ်သိန်း(၂၀၀)ဖြင့် ငှားရမ်းကာ ရန်ကုန်မှကိုကိုးကျွန်းသို့ တစ်လ လျှင်တစ်ရက် အခမဲ့ ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။

ရန်ကုန်တိုင်းဒေကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က ဦးစီးသည့် ရန်ကုန် - ကိုကိုးကျွန်း ပထမဆုံး သင်္ဘောခရီးစဉ်ကို ခရီးသည်( ၃၉)ဦး တင်ဆောင်ကာ ဇန်နဝါရီလ(၂၁)ရက်နေ့က စတင် ပြေးဆွဲခဲ့သည်။  

အဆိုပါ ခရီးစဉ် ကို  အလည်အပတ်သွားရန် ပြေးဆွဲပေးခြင်းမဟုတ်ဘဲ  ကိုကိုးကျွန်းကနေ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးကို အဓိကထားကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၏ထောက်ခံချက်ဖြင့်ဒေသခံတွေ စီး နင်းလိုက်ပါနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ အထွေထွေအတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

“ခရီးသည်တွေက ကိုကိုးကျွန်းနေ ပြည်သူတွေဖြစ်တဲ့အတွက် နောင်ကိုလည်း ခရီးစရိတ်ကောက်ခံဖို့ အစီအစဉ်မရှိပါဘူး ဒါကြောင့် YRTAသည် ဒီသိန်း ၂၀၀ကို ကောက်ခံထားတဲ့ စီမံခန့်ခွဲမှု ရန်ပုံငွေထဲက ကျခံပြီးတော့ သုံး စွဲသွားမယ် ငွေကြေးအရကြည့်ရင်တော့ ပြန်မရတဲ့အတွက် အရှုံးရှိတယ် လုပ်ငန်းအရကြည့်မယ်ဆိုရင်တော့ ကျွန်းမှာနေတဲ့ အခက်အခဲရှိတဲ့သူတွေအတွက် တန်ဖိုးရှိပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးလှအောင်က ဆိုသည်။                                                                                                      

ယခင်က လေယာဉ်၊ စစ်သင်္ဘော၊ ပုဂ္ဂလိကပိုင် သင်္ဘောများအပြင် ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ပြေးဆွဲပေးခဲ့သော်လည်း ပုံမှန် ပြေးဆွဲမှုမရှိခြင်း၊ ထွက်ခွာမယ့် ရက်မတိကျခြင်း၊ ကုန်ပစ္စည်းအပို မတင်နိုင်ခြင်း များကြောင့် ကိုကိုးကျွန်းသို့ သွားလာရေးတွင် အခက်အခဲရှိခဲ့သည်ဟု ခရီးသည်အချို့က ဆိုသည်။

ကိုးကိုးကျွန်းသို့ အလုပ်ကိစ္စဖြင့် သွားလေ့ရှိသည့် ဦးမြအေးက “ဒေသခံတွေအတွက်လည်း သွားရေးလာရေးအတွက် လမ်းပွင့်သွားတာပေါ့ အထူးသဖြင့် ဝန်းထမ်းတွေအတွက် ပိုအဆင်ပြေတာပေါ့”ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ၂၀၁၉-၂၀ ဘတ်ဂျတ်တောင်းခံရမှု ရန်ကုန်- ကိုကိုးကျွန်းခရီးစဉ်ပြေးဆွဲဖို့အတွက် သင်္ဘောဝယ်ယူရန် ကျပ်သန်း( ၅၀၀၀ ) တောင်းခံခဲ့ပါတယ်။

ဒီတောင်းခံမှုဟာ ရေရှည် ပြေးဆွဲနိုင်မှုမရှိနိုင်ခြင်း၊ စီးပွားရေးအရ တွက်ခြေကိုက်မှု မရှိနိုင်ခြင်း၊ ခိုကပ်ရန် နေရာမရှိသည့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေကြောင့် ဝယ်ယူသုံးစွဲ ရန် မသင့်ကြောင်း ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုခဲ့ပါတယ်။

လက်ရှိ ပြေးဆွဲမည့် ရန်ကုန် ကိုးကိုးကျွန်း ခရီးစဉ်သည် နာရီ (၄၀)ခန့် ကြာမြင့်မည် ဖြစ်ပြီး ကိုကိုးကျွန်းကနေ တင်ဆောင်မယ့် ကုန်အရေအတွက်အရ လကုန်ရက်များတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံတောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အကြား ရန်ကုန်မြို့ အနောက်တောင်ဘက် ရေ မိုင် - ၂၆၀အကွာ၌ တည်ရှိပြီး (၁၉၇၄)ခုနှစ်က စတင်ကာ ကိုကိုးကျွန်းမြို့နယ်အဆင့် ပြောင်းလဲသတ်မှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly