စပိန်တွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

စပိန်တွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံး

ဇန်နဝါရီ ၂၁။             ။ စပိန်နိုင်ငံတွင် ဂလိုရီရာ မုန်တိုင်းကြောင့် ဇန်နဝါရီ ၂၀ ရက်က လေပြင်းထန်ခြင်း၊ ဆီးနှင်းကျခြင်းနှင့် အပူချိန် ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ လေးဦး သေဆုံးသွားကြောင်း တာဝန်ရှိ သူများက ပြောသည်။

မုန်တိုင်းကြောင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုများကိုလည်း နှောင့်နှေးကြန့်ကြာစေခဲ့သည်ဟု သိရသည်။

ဂလိုရီယာ မုန်တိုင်းသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ယင်းနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက်က စပိန်အရှေ့ပိုင်း ဒေသအများစုတွင် ရာသီဥတု ဆိုးဝါးမှု သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားခဲ့ ရကြောင်း သိရသည်။

ဗယ်လန်စီယာ ဒေသတွင် စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည့်အတွက် ကျောင်းသူ၊ ကျောင်းသား နှစ်သိန်းနီးပါး ကျောင်းတက်၍ မရဘဲဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ရာသီဥတု အခြေအနေကြောင့် လမ်းများ၊ ရထားလမ်း အများအပြားတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်ကျမှသာ မူလအခြေအနေကို ပြန်ရောက်နိုင်ဖွယ် ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly