ကင်ဆာ အားလုံးကို ကုသနိုင်ဖွယ်ရာရှိသည့် ကိုယ်ခံအား ဆဲလ်သစ်တစ်မျိုး သိပ္ပံပညာရှင်များ တွေ့ရှိ

ကင်ဆာ အားလုံးကို ကုသနိုင်ဖွယ်ရာရှိသည့် ကိုယ်ခံအား ဆဲလ်သစ်တစ်မျိုး သိပ္ပံပညာရှင်များ တွေ့ရှိ

ဇန်နဝါရီ ၂၁။          ။ ကင်ဆာ အားလုံးကို ကုသနိုင်ကောင်း ကုသနိုင်ဖွယ်ရာ ရှိသည့် ကိုယ်ခံအား ဆဲလ်သစ်တစ်မျိုးကို တွေ့ရှိထားသည်ဟု သိရသည်။

ယခု အသစ်တွေ့ရှိထားသော လူသား ကိုယ်ခံအားစနစ်၏ တစိတ်တဒေသ ဆဲလ်သစ်တစ်မျိုးကို ကင်ဆာရောဂါ ကုသရာတွင် အသုံးချနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ကင်ဆာ အမျိုးမျိုးကို တိုက်ဖျက်ရန်အတွက် လူတစ်ဦးတစ်ယောက်၏ သွေးထဲတွင် အဆိုပါ ဆဲလ်သစ် (T-cell) ကို အသုံးပြုရန်မှာ ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း ကားဒစ် တက္ကသိုလ်က သုတေသီများက Nature Immunology ဂျာနယ်တွင် ရေးသားထားသည်။

အဆိုပါ T-cell သည် MR1 ဟု ခေါ်သည့် မော်လီကျူးတစ်ခုနှင့် အပြန်အလှန် ထိတွေ့အကျိုးပြုခြင်းအားဖြင့် အလုပ်လုပ်ပြီး ယင်းကနေတဆင့် ကင်ဆာဆဲလ်တစ်ခုထဲတွင် ပုံပျက်ပန်းပျက် ဇီဝဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ယုံကြည်ရသည်။

သို့သော် ယင်းနှင့်ပတ်သက်၍ နောက်ထပ် သုတေသနလုပ်ဆောင်ချက်များ ထပ်မံလုပ်ဆောင်ရန် လိုနေသေးသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။

မည်သို့ပင် ဆိုစေကာမူ ယခု တွေ့ရှိမှုသည် အခြေအနေအားလုံးအတွက် သင့်တော်မှု ရှိသည့် ကင်ဆာ ကုသမှု နည်းလမ်းအလားအလာကောင်းတစ်ခုကို ပေါ်ပေါက်စေခဲ့ကြောင်း ၎င်းတို့က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly