သီရိလင်္ကာတွင် ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် အမြွှာများစုဝေး

သီရိလင်္ကာတွင် ဂင်းနစ်မှတ်တမ်းဝင်နိုင်ရန် အမြွှာများစုဝေး

ကိုလံဘို၊ ဇန်နဝါရီ ၂၁။               ။ သီရိလင်္ကာနိုင်ငံတွင် နိုင်ငံတစ်ဝန်းရှိ အမြွှာများက မြို့တော်ကိုလံဘို အားကစားရုံသို့ ဇန်နဝါရီ ၂၀ ရက်၌  လာရောက်စုရုံးကြကာ ဂင်းနစ်ကမ္ဘာ့စံချိန် ချိုးနိုင်ရေးအတွက် အကြီးမားဆုံး အမြွှာ များ စုဝေးမှုကြီးကို ပြု လုပ်ခဲ့သည်။

၁၉၉၉ ခုနှစ်က ထိုင်ဝမ်တွင် နှစ်မြွှာပူး ၃၉၆၁ တွဲ၊ သုံးမြွှာပူး ၃၇ တွဲနှင့် လေးမြွှာပူး ၄ တွဲတို့ဖြင့် ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်နိုင်ခဲ့ပြီး ထိုစံချိန်ကိုချိုးရန် ယခုကဲ့သို့ စုဝေးခဲ့ကြခြင်းဖြစ်ကြောင်း သီရိလင်္ကာအမြွှာများအဖွဲ့မှ စီစဉ် သူများက ပြောသည်။

မွေးစာရင်းစစ်သည့်နေရာတွင် စာရင်းသွင်းရန် လူများတန်းစီလျက်ရှိပြီး စုဝေးရာ အားကစားရုံတွင် မျှော်မှန်းထားသည်ထက် အမြွှာများ စုပြုံရောက်လာခဲ့ကြသည်။

“လူတွေကမျှော်မှန်းထားတာထက် ပိုများတယ်၊ ဝင်ပေါက်တစ်ခုတည်းကနေဝင်ဖို့ဆိုတာ မလွယ်ဘူး၊ သတ်မှတ်ချက်အရ အုပ်စုလိုက်ဓာတ်ပုံရိုက်ဖို့ အမြွှာအားလုံးက အားကစားရုံထဲမှာ ရှိမနေဘူး၊ ဂင်းနစ်မှတ်တမ်း ဝင် မဝင် ဆိုတာကိုတော့ နှစ်ပတ် အကြာမှာသိရမှာပါ” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောသည်။ ယခုတစ်ခေါက် ဂင်းနစ်မှတ်တမ်းမဝင်ပါက နောက်တစ်ကြိမ် ထပ်မံကြိုးစားသွားမည်ဟု ၎င်းက ဆိုသည်။

လာရောက်စုဝေးကြသည့်အမြွှာများထဲတွင် သံဃာများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာများ လည်းပါဝင်ပြီး အချို့မှာ ၁၀ နာရီကြာ ရထားစီးပြီး စုဝေးပွဲသို့ လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly