မြန်မာအမျိုးသမီး ၅ ဦးကို အမေရိကန်ဒေါ်လာ သုံးသိန်း လက်ဝယ်တွေ့ရှိမှုဖြင့် ဂါယာလေဆိပ်တွင် ထိန်းသိမ်းထား

မြန်မာအမျိုးသမီး ၅ ဦးကို အမေရိကန်ဒေါ်လာ သုံးသိန်း လက်ဝယ်တွေ့ရှိမှုဖြင့် ဂါယာလေဆိပ်တွင် ထိန်းသိမ်းထား
ဂါယာလေဆိပ် (Photo: Wikipedia)

ဇန်နဝါရီ ၂၁ ။       ။ အိန္ဒိယနိုင်ငံရှိ ဂါယာလေဆိပ်တွင် မြန်မာအမျိုးသမီး ၅ ဦးကို အမေရိကန်ဒေါ်လာ သုံးသိန်း လက်ဝယ်တွေ့ရှိမှုဖြင့် ဇန်နဝါရီ ၂၀ ရက်က ထိန်းသိမ်းထားကြောင်း သိရသည်။

လေဆိပ်စစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်ဌာနက အဆိုပါအမျိုးသမီး ၅ ဦးကို တရားမဝင်ငွေကြေး ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

“အမေရိကန်ဒေါ်လာ သုံးသိန်းနဲ့အတူတွေ့ရတဲ့  အမျိုးသမီး ၅ ဦးက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့ပြန်ဖို့ စီစဉ်ထားသူတွေပါ” ဟု အကောက်ခွန်ကော်မရှင်နာ LT Bhutia က ဆိုသည်။

ပိုက်ဆံများ မည်သို့မည်ပုံရရှိကြောင်းနှင့် ဒေသခံများနှင့် ဆက်စပ်မှုရှိ မရှိကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြသည်။

နောက်ထပ်စစ်ဆေးမေးမြန်းမှုများကိုလည် ထပ်မံလုပ်ဆောင်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly