တရုတ် ဗိုင်းရပ်စ်ဆန်း ပျံ့နှံ့ကူးစက်မှုကိစ္စ WHO အရေးပေါ်အစည်းအဝေး ခေါ်မည်

တရုတ် ဗိုင်းရပ်စ်ဆန်း ပျံ့နှံ့ကူးစက်မှုကိစ္စ WHO အရေးပေါ်အစည်းအဝေး ခေါ်မည်

ဇန်နဝါရီ ၂၁  ။                            ။  တရုတ်နိုင်ငံတွင် SARS ရောဂါပိုးနှင့် အလားသဏ္ဍာန်တူသည့် ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး ကူးစက်ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ယခုအပတ်အတွင်း အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကြေညာရင် သင့်မသင့် စဉ်းစားသွားမည်ဟု who က ထုတ်ပြန်သည်။

အဆိုပါ နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်သည် ယခုအခါ တရုတ်နိုင်ငံပြင်ပကိုပါ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပြီး ယင်းပိုးသည် လူအချင်းချင်းအကြားတွင်လည်း ကူးစက်နေကြောင်း ပေကျင်းအစိုးရ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ပထမဆုံး တွေ့ရှိခဲ့သော ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် လက်ရှိအချိန်တွင် ယင်းနိုင်ငံတွင် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေလျက် ရှိသည်။ အကြောင်းမှာ ယင်းသည် လွန်ခဲ့သော ၂၀၀၂ ၊ ၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တွင် လူပေါင်း ၆၅၀ နီးပါး သေဆုံးခဲ့ရသည့် SARs ရောဂါပိုးနှင့် ဆက်နွယ်ပတ်သက်မှု ရှိနေ၍ ဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရသူ ဦးရေသည် ယခုအခါ စုစုပေါင်း ၂၁၆ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ ယင်းအပြင် စတုတ္ထမြောက် လူနာတစ်ဦး ယင်းရောဂါပိုးကူးစက်ခံရမှုကြောင့် ထပ်မံ သေဆုံးသွားပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required