ကမ္ဘာ့အမှိုက်ပုံ အဖြစ်မခံဘူးဆိုကာ ချမ်းသာသည့် နိုင်ငံများသို့ မလေးရှားက အမှိုက်များ ပြန်ပို့

ကမ္ဘာ့အမှိုက်ပုံ အဖြစ်မခံဘူးဆိုကာ ချမ်းသာသည့် နိုင်ငံများသို့ မလေးရှားက အမှိုက်များ ပြန်ပို့

ဇန်နဝါရီ လ၂၁ ။                          ။   မလေးရှားနိုင်ငံက ကမ္ဘာ့အမှိုက်ပုံ အဖြစ်မခံဘူးဆိုလျက် အများစုသော ချမ်းသာသော နိုင်ငံများသို့ ပလတ်စတစ်အမှိုက် ကွန်တိန်နာ ၁၅၀ ကို ပြန်လည်ပေးပို့ခဲ့သည်။

ယခင်က ပြန်လည်အသုံးပြုပစ္စည်းများ အများအပြား ထုတ်လုပ်ခဲ့ရာ တရုတ်နိုင်ငံက သုံးစွဲပြီးအမှိုက်များ တင်သွင်းမှုကို  တစ်ဝက်လျှော့ချသည့် အမိန့်ထုတ်လိုက်ပြီးနောက်ပိုင်း ၂၀၁၈  မှစတင်ကာ အမေရိကန်နှင့် ဗြိတိန်တို့ကဲ့သို့ ပိုမိုဖွံ့ဖြိုးသော နိုင်ငံများမှ ပလတ်စတစ်အမှိုက်များက မလေးရှားသို့ စီးဝင်လျက် ရှိသည်။

တရုတ်၏ ယင်းတားမြစ်ချက် အသက်ဝင်ပြီးနောက် ယင်းနိုင်ငံမှ ပြန်လည်အသုံးပြု ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများက မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းလာတော့ခြင်း ဖြစ်သည်။
ထိုအတွက် ပလတ်စတစ် အမြောက်အမြားက ခွင့်ပြုချက် မရှိဘဲ ဒေသတွင်း အခြားနိုင်ငံများသို့ ဝင်ရောက်လာခြင်းများ ဖြစ်လာတော့သည်။

လက်ရှိတွင် ဒေသတွင်း အစိုးရများက တရားမဝင် တင်သွင်းလာသော အမှိုက်များကို ပြန််လည်ပေးပို့လျက် ရှိပြီး မလေးရှားနိုင်ငံသည် အမှိုက်တန်ချိန် ၃၇၃၇ သယ်ဆောင်သော ကွန်တိန်နာ အလုံး ၁၅၀ ကို ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့အပါအဝင် နိုင်ငံများသို့ ပြန််လည်ပေးပို့ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး ယိုဘီယင်က ပြောခဲ့သည်။

သိပ် မဝေးသည့် အချိန်အတွင်းမှာပဲ နောက်ထပ် ကွန်တိန်နာ အလုံး ၁၁၀ ကို ပြန်လည်ပေးပို့မည်ဖြစ်ပြီး ယင်းကွန်တိန်နာများတွင် အလုံးရေ ၆၀ က အမေရိကန်မှ ဖြစ်ကြောင်း ယိုဘီယင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required