အမှိုက်လျှော့ချရေးအတွက် ပလတ်စတစ်အိတ်များကို ယခုနှစ် မကုန်မီ တရုတ်နိုင်ငံတွင် တားမြစ်တော့မည်

အမှိုက်လျှော့ချရေးအတွက် ပလတ်စတစ်အိတ်များကို ယခုနှစ် မကုန်မီ တရုတ်နိုင်ငံတွင် တားမြစ်တော့မည်

ဇန်နဝါရီ ၂၀ ။            ။ တရုတ်နိုင်ငံအနေဖြင့် အမှိုက်လျှော့ချရေးအတွက် ယခု နှစ်မကုန်မီ အဓိကမြို့ကြီးများတွင် ပလတ်စတစ်အိတ်များနှင့် စားသောက်ဆိုင်များမှ တစ်ခါသုံးပိုက်များကို တားမြစ်သွားမည်ဖြစ်သည်ကြောင်း ဇန်နဝါရီ ၁၉ ရက်က ကြေညာသည်။

ကမ္ဘာ့ပလတ်စတစ် သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံအနေဖြင့် ငါးနှစ်အတွင်း အဓိကမြို့ကြီးများရှိ စားသောက်ကုန်လုပ်ငန်းများမှ ပလတ်စတစ်ပရိဘောဂများကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချသွားရေး ပစ်မှတ်ထား စီစဉ်ထားသည်။

အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် NDRC နှင့် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်တွင် ယခုနှစ် မကုန်မီ တစ်ခါသုံး ပလတ်စတစ်ဖော့ဘူးများနှင့် တစ်ခါသုံး ပန်းကန်ခွက်ယောက်များ ထုတ်လုပ်ရောင်းချသွားမည်ဟု ကြေညာထားသည်။

အဆိုပါ စီမံချက်တွင် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းမှ တစ်ခါသုံး ပိုက်များကိုလည်း ယခုနှစ်အတွင်း ဥပဒေမဲ့အဖြစ် ပြဋ္ဌာန်းထားသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိရာ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ ရုတ်ချည်းဖွံ့ဖြိုးမှုနှင့် စားသုံးသူများကြောင့် အမှိုက်များ အများအပြား ထွက်ရှိလျက် ရှိပြီး ပမာဏကြီးမားစွာ စုပုံလျက် ရှိသည်။

၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံသည် အမှိုက်တန်ချိန် သန်း ၂၁၀ ထွက်ရှိခဲ့ပြီး ၂၀၃၀ မတိုင်မီ တစ်နှစ်လျှင် တန်ချိန် သန်း ၅၀၀ အထိ တိုးမြင့်ထွက်ရှိလာလိမ့်မည်ဟု ကမ္ဘာ့ဘဏ်စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly