အီရန် ဒုံးကျည်ထိမှန်ပြီး ပျက်ကျခဲ့သည့် လေယာဉ်မှ ရုပ်အလောင်းများကို ယူကရိန်းသို့ ပြန်လည် သယ်ယူ

အီရန် ဒုံးကျည်ထိမှန်ပြီး ပျက်ကျခဲ့သည့် လေယာဉ်မှ ရုပ်အလောင်းများကို ယူကရိန်းသို့ ပြန်လည် သယ်ယူ

ဇန်နဝါရီ ၂၀ ။                        ။ အီရန်နိုင်ငံတွင် ယူကရိန်းခရီးသည်တင်လေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရပြီးနောက် သေဆုံးသွားသည့် ယူကရိန်းနိုင်ငံသားများ၏ ရုပ်အလောင်းများကို ယခုအခါ မွေးရပ်မြေသို့ ပြန်လည် သယ်ယူလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ပစ်ချခံ လေယာဉ်ပေါ်တွင် လိုက်ပါသေဆုံးသွားကြသူများ၏ အလောင်းများကို လေယာဉ်ဖြင့် ပြန်လည် သယ်ယူခဲ့ရာ ဇန်နဝါရီ ၁၉ ရက်က ယူကရိန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံတကာ လေကြောင်းလိုင်း လေယာဉ်အမှတ် ၇၅၂ သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က တီဟီရန်ကနေ ပျံတက်ပြီးနောက် များမကြာမီ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ရသည်။

ယင်း ခရီးသည်တင်လေယာဉ်ကို မတော်တဆ မှားယွင်းပစ်ချမိခဲ့ကြောင်း၊ လေယာဉ် သည် ဒုံးကျည်ထိမှန်၍ ပျက်ကျသွားခြင်း ဖြစ်ကြောင်း အီရန် အစိုးရကလည်း ထုတ်ဖော်ဝန်ခံထားပြီး ဖြစ်သည်။

ယင်းလေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသည့် ယူကရိန်းနိုင်ငံသားများ၏ အလောင်းများကို လေယာဉ်ဖြင့် ပြန်လည်သယ်ယူမှု အခမ်းအနားကို ကိယက်ဗ်မြို့ Boryspil လေဆိပ်တွင် ပြုလုပ်ခဲ့ရာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး၊ ဝန်ကြီးချုပ် အိုလက်ဆီ ဂွန်ချာရတ်ခ် အပါအဝင် အဆင့်မြင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly