ယီမင်တွင် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး

ယီမင်တွင် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး

ဇန်နဝါရီ ၂၀။              ။ ယီမင်နိုင်ငံတွင် အလယ်ပိုင်း၌ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရကာ ယင်း တိုက်ခိုက်မှုသည် ဟူသီသူပုန်များ၏ လက်ချက် ဖြစ် သည်ဟု တာဝန်ရှိသူများက ဇန်နဝါရီ ၁၉ ရက်တွင် အပြစ်ဆိုသည်။

အီရန်ထောက်ခံသော ဟူသီသူပုန်များနှင့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ထောက်ခံမှု ရထားသော နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရတို့ကြား လများစွာ စစ်ပွဲများ ငြိမ်သက်နေခဲ့ရာမှ ယခု တိုက်ခိုက်မှု ဖြစ်ပွားလာခြင်း ဖြစ်သည်။

မြို့တော် ဆာနားမှ အရှေ့ဖက် ၁၀၅ မိုင်အကွာက မာရစ်ပြည်နယ်အလယ်ပိုင်းက စစ်စခန်းရှိ ဗလီတစ်ခုကို ညနေပိုင်း ဝတ်ပြုဆုတောင်းချိန် အတောအတွင်း ဟူသီများက တိုက်ခိုကခြင်း ဖြစ်သည်ဟု စစ်တပ်သတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။

“ဟူသီပြည်သူ့စစ်တွေရဲ့ ခု ဗလီကို အကြမ်းဖက်တိုက်ခိုက်မှုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီ တိုက်ခိုက်မှုမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူလည်း ဒါဇင်များစွာ ရှိခဲ့တယ်။”ဟု ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာမှတစ်ဆင့် ထုတ်ပြန်သည်။

သေဆုံးသူများတွင် စစ်သားနှင့် အရပ်သားများ အပါအဝင်ဖြစ်ပြီး ယခု တိုက်ခိုက်မှုအတွက် ဟူသီသူပုန်များအနေဖြင့် မညှာမတာ လက်တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု စစ်တပ်ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

သေဆုံးဒဏ်ရာရသူများကို မာရစ်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်ကာ ဟူသီသူပုန်များဖက်က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု လတ်တလော ပြောဆိုလာခြင်းတော့ မရှိသေးပေ။

 
    
    
    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly