အသက် ၉ နှစ် မှ ၁၄ နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှု ဇွန် လအတွင်း စတင်မည်

အသက် ၉ နှစ် မှ ၁၄ နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံမှု ဇွန် လအတွင်း စတင်မည်
ဓာတ်ပုံ - နန့်ခိုင်

ဇန်နဝါရီ ၁၈ ရက်။          ။ အမျိုးသမီးရောဂါများအနက် သေဆုံးမှုအများဆုံးဖြစ်သော သားအိမ်ေခါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို လာမည့် ဇွန်လအတွင်းတစ်နိုင်ငံလုံးတွင် အသက် ၉ နှစ် မှ အသက် ၁၄ အရွယ် အမျိုးသမီး များအား  ထိုးနှံပေးသွားမည်ဖြစ်ေကြာင်း  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံ မှ သိရသည်။

 အဆိုပါအစီအစဉ်ကို နိုင်ငံတော် နှင့်  အလှူရှင်အဖွဲ့အစည်း Gavi  တို့က ပူးပေါင်းပြီး အခြေခံအထက်တန်း ကျောင်း  နှင့် ဒေသန္တရ ရပ်ကွက်အခြေပြု စီမံကိန်းအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားက စား ဝန်ကြီးဌာန ၊  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ၊ စီမံချက်မန်နေဂျာ ၊ ဒေါက်တာ ဒေါ်ထားထားလင်းက ပြောသည်။

“  ၂၀၂၀ ခုနှစ်အတွင်း  ၁၃ ခုမြောက် ကာကွယ်ဆေးအဖြစ်  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ထားပါတယ် ။    ဇွန် ၊ ဇူလိုင်လအတွင်း ထိုးနှံပေးဖို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အစိုးရကလည်း ရန်ပုံ ငွေ ရရှိပြီးပြီ ။ အလှူရှင်အဖွဲ့အစည်းဆီကလည်း ကတိကဝတ်ရထားပြီးပြီ ၊ အမျိုးသမီးငယ်တွေ အထူးသဖြင့် ကျောင်းသူအရွယ် အသက် ၉ နှစ်ပြည့်  ၊ ၁၀ နှစ်အထိ မိန်းကလေးတွေအားလုံးကို ထည့်ပေးမယ်။ ၉၀ ရာခိုင်နှုန်း ကတော့ ကျောင်းမှာ ရှိမယ်။ ကျန်တဲ့ကလေးတွေကတော့ ရပ်ကွက်ကျေးရွာအထိ နောက်လမှ ဆက်ထိုးမယ်။ မိန်းကလေး အားလုံး ၂ ကြိမ် ထိုးရမယ်။ ပထမတစ်ကြိမ်က ၂၀၂၀ ၊ ဒုတိယအကြိမ်က ၂၀၂၁ ၊ ၂၀၂၁ ရောက်ရင် ဒုတိယ ထိုးရမယ့် မိန်းကလေးတွေ  ၂၀၂၁ ရောက်မှာ အသက် ၉ နှစ်ပြည့်မယ့် ကလေးတွေက ပထမတစ်ကြိမ်ကို စထိုးရမယ်။  ပြောရရင်တော့  မိန်းကလေးတွေကို  ၁၂ လ ခြားပြီး  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို စပေးရမယ် “  ဟု  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၊  တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ၊ စီမံချက်မန်နေဂျာ ၊ ဒေါက်တာ ဒေါ်ထားထားလင်းက ပြောသည်

သားအိမ်ခေါင်းကင်ဆာရောဂါသည်  ြမန်မာနိုင်ငံရှိ အသက်၂၅ နှစ် မှ အသက် ၄၅ နှစ်အကြား အမျိုးသမီးများ  အဖြစ်များဆုံးြဖစ်ပြီး  အမျိုးသမီး   ဖြစ်ပွားေသာ ကင်ဆာရောဂါများအနက် ဖြစ်ပွားမှု ဒုတိယအများဆုံး ရောဂါတစ်ခုဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည်  ကြွက်နို့ပိုး  ( Human Papilloma Virus ( HTV ) ကြောင့် ဖြစ်ပြီး  ရောဂါ ၏ ၉၉ ရာခိုင်နှုန်းက HTV ပိုးကြောင့် ဖြစ်သည်။  အဆိုပါ   ကြွက်နို့ပိုးသည်  သားအိမ်ခေါင်းမှာ ကြာမြင့်စွာ နေခြင်း ကြောင့် ရောဂါအကြိုအဆင့်ဖြစ်ပေါ်လာပြီး ရောဂါဖြစ်စဉ် စတင်ချိန်မှ ကင်ဆာဖြစ်ပွားသည့်အဆင့်အထိ အကြိုအဆင့်တွင် ၁၀ နှစ် ကနေ ၁၅ နှစ်အထိ ကြာမြင့်နိုင်သည်။

ဇန်နဝါရီ ၁၈ ရက်နေ့ရန်ကုန်မြို့ သူနာပြုတက္ကသိုလ်ခန်းမတွင် ပြုလုပ်သောရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းမှဦးစီးကျင်းပသည့် သားအိမ်ခေါင်းကင်ဆာကြိုတင်ကာကွယ်ရန် နှင့်ကြိုတင်စမ်းသပ်စစ်ဆေးမှုခံယူရန် ပညာပေးဆွေးနွေးပွဲကိုပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲကိုလူအင်အား၂၀၀ခန့်တက်ရောက်လာပြီးသားအိမ်ခေါင်းကင်ဆာနှင့်ပတ်သတ်သည့်ဆွေးနွေးချက်များကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ၊ ပါမောက္ခ ဒေါက်တာ ဒေါ်ရင်ရင်ဇော်မှ ဆွေးနွေးတင်  ပြခဲ့သည်။

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ၊ ပါမောက္ခ ဒေါက်တာ ဒေါ်ရင်ရင်ဇော်မှ   “ သားအိမ်ခေါင်းကင်ဆာဟာ တစ်ခါတလေ့  ရောဂါလက္ခဏာ မပြဘူး။ လက္ခဏာပြရင် ပုံမှန် မဟုတ်တဲ့ အဖြူဆင်းခြင်း ၊  ပုံမှန်မဟုတ်တော့ အနီဆင်းခြင်း ၊ ပုံမှန်မဟုတ်သော မီးယပ် ပေါ်ခြင်း ဖြစ်တက်တယ်။ အဲ့တော့ အမျိုးသမီးတွေအနေနဲ့  သားအိမ်ေခါင်းကင်ဆာ မဖြစ်ချင်ဘူးဆိုရင် အိမ်ထောင်သည်ဖြစ်ရင် ၃ နှစ်တစ်ခါ ကြိုတင်ကာကွယ်စစ်ဆေးသင့် တဲ့နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့လိုအပ်တယ် “   ဟု ပြောသည်။

သားအိမ်ခေါင်းကင်ဆာသည်  မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ဘဲ လိင်ဆက်ဆံမှု ပြုစဉ် အရေပြားမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး အမျိုးသမီး ၁၀ ယောက်တွင်  ၈ ယောက်ခန့်က တစ်သက်တွင် တစ်ကြိမ်ခန့် ရောဂါပိုးကူးစက် နိုင်ကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (  WHO ) ကိန်းဂဏန်းများ ( Globocan 2018  ) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်  သားအိမ်ခေါင်းကင်ဆာရောဂါသည်  အမျိုးသမီးများတွင် အဖြစ်အများဆုံး နှင့် အသေအပျောက်အများဆုံး ကင်ဆာရောဂါဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly