လစ်ဗျားငြိမ်းချမ်းရေး အဖြေရှာရန် ကမ္ဘာ့ခေါင်းဆောင်များ ဂျာမနီတွင် တွေ့ဆုံစည်းဝေး

လစ်ဗျားငြိမ်းချမ်းရေး အဖြေရှာရန် ကမ္ဘာ့ခေါင်းဆောင်များ ဂျာမနီတွင် တွေ့ဆုံစည်းဝေး

ဇန်နဝါရီ ၁၉။       ။ လစ်ဗျား ငြိမ်းချမ်းရေး အတွက် နည်းလမ်းအဖြေသစ်တစ်ခု ထွက်ပေါ်လာရေး ရည်ရွယ်ပြီး ကမ္ဘာ့ ခေါင်းဆောင်များ ဇန်နဝါရီ ၁၉ ရက်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် တွေ့ဆုံဆွေးနွေးကြရန် ရှိနေသည်။

ယင်းသည် ပဋိပက္ခစစ်ပွဲကြောင့် ထိခိုက်ပျက်စီးနေခဲ့ပြီဖြစ်သော လစ်ဗျားနိုင်ငံကို ဒုတိယဆီးရီးယားနိုင်ငံ မဖြစ်ရေး တားဆီးရန် ကမ္ဘာ့ခေါင်းဆောင်များ၏ အားထုတ်ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။

ယင်း အစည်းအဝေးသို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် အပြင် ရုရှားသမ္မတ၊ တူရကီ သမ္မတ၊ ပြင်သစ် သမ္မတ နှင့် အခြား နိုင်ငံ့ခေါင်းဆောင်များ ပူးပေါင်းပါဝင်ကြမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ လစ်ဗျားရှိ အဓိက ပြိုင်ဘက် အဖွဲ့နှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်များဖြစ်သော စစ်ဘုရင် ခါလီဇာ ဟက်ဖ်တာ နှင့် ထရီပိုလီရှိ ကုလအသိအမှတ်ပြု အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖာယက်ဇ် အယ်လ် ဆာရက်ဂျ် တို့လည်း တက်ရောက်လာမည်ဟု မျှော်လင့်ရသည်။

လစ်ဗျားတွင် အပစ်ရပ်စဲရေးအတွက် နည်းလမ်းအဖြေတစ်ခု အခိုင်အမာ ရရှိနိုင်ရေးအတွက် ယခု အစည်းအဝေးက အဓိကကျသည့် ခြေလှမ်းတစ်လှမ်း ဖြစ်လာနိုင်ကြောင်း တူရကီ သမ္မတ အာဒိုဂန်ကလည်း ပြောသွားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly