မင်းသား ဟယ်ရီနှင့် မီဂန် တို့ တော်ဝင်ဂုဏ်ပုဒ်တွေ စွန့်လွှတ်မည်ဟု အပြီးသတ် ကြေညာ

မင်းသား ဟယ်ရီနှင့် မီဂန် တို့ တော်ဝင်ဂုဏ်ပုဒ်တွေ စွန့်လွှတ်မည်ဟု အပြီးသတ် ကြေညာ

ဇန်နဝါရီ ၁၉။        ။  ဗြိတိန် မင်းသား ဟယ်ရီနှင့် ဇနီး မီဂန်တို့သည် ၎င်းတို့၏ တော်ဝင်ဂုဏ်ပုဒ်များကို စွန့်လွှတ်သွားတော့မည်ဖြစ်ပြီး အစိုးရထံမှ ရပိုင်ခွင့်ငွေကြေးများကိုလည်း လက်ခံတော့မှာ မဟုတ်ကြောင်း ဘက်ကင်  ဟမ် နန်းတော်က ဇန်နဝါရီ ၁၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အဆိုပါ မောင်နှံသည် ဗြိတိန် ဘုရင်မကြီးကိုလည်း ကိုယ်စားပြုတော့မှာ မဟုတ်ကြောင်း သိရသည်။

၎င်းတို့ မောင်နှံသည် တော်ဝင် ထီးနန်း အဆင့်မြင့် နေရာများကနေ နောက်ဆုတ်လိုကြောင်း အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီး ၎င်းတို့၏ အနာဂတ်နှင့်ပတ်သက်၍ ဗြိတိန်ဘုရင်မကြီးနှင့်အကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ လများစွာကြာ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့တယ်၊ နောက်ပြီး သိပ်မကြာသေးခင်ကလည်း ဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပြီးပါပြီ၊ ခုချိန်မှာတော့ ကျွန်မရဲ့ မြေးလေးနဲ့ သူ့မိသားစု ရှေ့ရေးအတွက် အပြုသဘောဆောင်၊ အ ထောက်အကူဖြစ်စေမယ့် နည်းလမ်းတစ်ရပ်ကို ကျွန်မတို့ အတူတကွ ရှာတွေ့ခဲ့ပါပြီ၊ သူတို့ တွေ့ကြုံခံစားရတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျွန်မ နားလည်ပါတယ်၊ ဒီတော့ သူတို့ ပိုပြီး လွတ်လပ်တဲ့ ဘဝတစ်ခု ရပါစေလို့ ကျွန်မ ဆန္ဒပြုလိုက်ပါတယ်” ဟု အသက် ၉၃ နှစ်ရှိ ဘုရင်မကြီး အဲလိဇဘတ်က ထုတ်ပြန်ကြေညာသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly