ဘရာဇီးတွင် ရေကြီးမှု၊ မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

ဘရာဇီးတွင် ရေကြီးမှု၊ မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံး

ဇန်နဝါရီ ၁၉။              ။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှု၊ မြေပြိုမှု တို့ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ခြောက်ဦး သေဆုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များ က ဇန်နဝါရီ ၁၈ ရက်တွင် ပြောသည်။

ဆိုရှယ်မီဒီယာပေါ် တက်လာသည့် ဗီဒီယိုတစ်ခုအရ အက်စ်ပီရီတို ဆန်တို ပြည်နယ်တွင် လမ်းများကနေ မြစ်များအသွင် ပြောင်းသွားပြီး ရွှံ့နှစ်ရေထဲတွင် ကားများ မျောပါနေကြသည်ကို တွေ့မြင်ခဲ့ရသည်။

ဗီဒီယိုကလစ်တစ်ခုထဲတွင် ရေသည် ဂတ်စ်ဆိုင်တစ်ဆိုင်၏ အမိုးနား ထိလုနီးပါး မြင့်တက်နေသည်ကိုလည်း တွေ့ခဲ့ရသည်။

ယင်းပြည်နယ်တွင်းက အိုင်ကွန်ဟာ၊ အယ်လ်ဖရီဒို ချာဗက်စ် မြို့ တို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။

အိုင်ကွန်ဟာ မြို့တော်ဝန်၏ အဆိုအရ ၎င်းတို့ မြို့တွင်းရှိ စျေးဆိုင်အားလုံးနီးပါး ပျက်စီးသွားခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သော အက်စ်ပီရီတို ဆန်တို ပြည်နယ်တွင် လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များသည်လည်း ကယ်ဆယ်ရေး လုပ်ငန်းများကို အားထုတ်ကြိုးပမ်းလျက် ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly