အိမ်ထိန်းအမျိုးသမီးသုံးယောက်ကို လိင်မဖွယ်မရာပြုကာ အသက်အန္တရာယ်ပြုမှုဖြင့် ဆော်ဒီမင်းသားကို တရားစွဲ

အိမ်ထိန်းအမျိုးသမီးသုံးယောက်ကို လိင်မဖွယ်မရာပြုကာ အသက်အန္တရာယ်ပြုမှုဖြင့် ဆော်ဒီမင်းသားကို တရားစွဲ
 
 

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ-၂၇ ။             ။ ဆော်ဒီမင်းသားတစ်ပါးက ၎င်းတို့ကို ပိတ်လှောင်ထားခဲ့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့်အပြင် တောင်ကုန်းထိပ်အိမ်တော်တွင် ကျင်းပသည့် ရိုင်းကြမ်းသော ပါတီပွဲတစ်ခုအတွင်း ကိုယ်လုံးတီးချွတ်ထားရန်လည်း အမိန့်ပေးခဲ့သည်ဟု ကယ်လီဖိုနီးယား အိမ်ထိန်းသုံးယောက်က ပြောကြားခဲ့သည်။

ယခု ၎င်းတို့၏ရှေ့နေက နယူးယောက်နယ်ခံဟု ယူဆရသည့် အခြား မဖွယ်မရာ ဆက်ဆံခံရသူများကို ရှာဖွေနေသည်ဟု ဆိုသည်။

လော့စ်အိန်ဂျလိစ်မှ အိမ်ထိန်း ဂျမ်းဒို့စ်သုံးယောက်ကိုယ်စား ရှေ့နေက ဆော်ဒီမင်းသား မာဂျစ် အဗ္ဗဒူလာဇစ် အယ်လ် ဆောက်(၂၉နှစ်)ကို တရားစွဲထားသည်။

မင်းသားအယ်လ်ဆောက်က တံတိုင်းခတ်ထားသည့် အိမ်တော်ဝင်းအတွင်း အမျိုးသမီးတစ်ယောက်ကို ၎င်းအား မဖွယ်မရာ လိင်ဖျော်ဖြေရန် အဓမ္မခိုင်းစေခဲ့သည်ဟူသော သံသယဖြင့် စက်တင်ဘာ ၂၃ရက်နေ့တွင် မဖမ်းဆီးမီ အိမ်ထိန်းအမျိုးသမီးသုံးယောက်က မင်းသားက ၎င်းတို့အား ခြောက်လှန့်၊ လိင်ပိုင်းညှဉ်းပန်းကာ ရုပ်ပိုင်းကိုလည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ကြသည်။

တိုင်တန်းချက်တွင် ရေးသားထားချက်အရ တစ်ကြိမ်တွင် နံပါတ်တစ် ဂျိမ်းဒိုးကို အယ်ဆောက်က ‘မင်းကို ငါကြိုက်တယ်။ မနက်ဖြန် မင်းတို့နဲ့ ပါတီပွဲကျင်းပမယ်။ ငါလုပ်စေချင်တာမှန်သမျှ မင်းအကုန် လုပ်ပေးရမယ်။ အဲဒီလိုမှမဟုတ်ရင် မင်းကို ငါသတ်ပစ်မယ်’’ဟု အယ်ဆောက်က ပြောကြားခဲ့သည်ဟု ဆိုသည်။   

မင်းသားက ဂျမ်းဒိုးနံပါတ်နှစ်ကိုလည်း ခန္ဓာကိုယ်ချင်း ပွတ်သပ်ရာ သူမက မလုပ်ရန်တားမြစ်သည့်အခါတွင် ပြစ်တင်ကြိမ်းမောင်းသည်ဟု ဆိုသည်။ ‘မင်းက မိန်းမ မဟုတ်ဘူး။ မင်းတို့က ဘာမှမဟုတ်ဘူး။ ငါက မင်းသား။ ငါလုပ်ချင်တာလုပ်မယ်။ ဘယ်သူမှ လာတားလို့မရဘူး’’ဟု မင်းသားအယ်ဆောက်က ပြောကြားပြီး သူမ၏ ဒူးခေါင်းကိုလည်း ခပ်ပြင်းပြင်း ကန်ကျောက်ခဲ့သည်ဟု တိုင်တန်းချက်တွင် ရေးသားထားသည်ဟု ဆိုသည်။

အမျိုးသမီးများက လသာဆောင်သို့ ထွက်ပြေးပြီး ခုန်ချရန် ကြိုးစားခဲ့ကြသေးသော်လည်း အရိုးကျိုး သေဆုံးမည်၊ သားသမီးများကိုလည်း နောက်ထပ်မတွေ့ရတော့မည်ကို စိုးရိမ်သောကြောင့် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ကြသည်ဟု ဆိုသည်။

ကိုကိန်းငွေ့များ မှုန်သီနေသည့် ပါတီပွဲနောက်ဆုံးနေ့တွင်မူ မင်းသားအယ်ဆောက်ကို အခြားယောကျ်ားတစ်ယောက်က တစ်ကိုယ်ရေ လိင်ဖျော်ဖြေပေးနေသည်ကို အထိတ်တလန့် တွေ့ကြရသည်ဟု ဆိုသည်။ အမျိုးသမီးသုံးယောက်က ကျောခိုင်းလှည့်ထွက်ရန် ကြိုးစားသည့်အခါတွင် မင်းသားက ‘မင်းတို့ ဒါကို ပြီးအောင်ကြည့်ရမယ်’’ဟု အော်ဟစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly