အီရန်ဘာသာရေးခေါင်းဆောင်ကြီးအား အပြောအဆိုဆင်ခြင်ရန် ထရမ့်သတိပေး

အီရန်ဘာသာရေးခေါင်းဆောင်ကြီးအား အပြောအဆိုဆင်ခြင်ရန် ထရမ့်သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ။           ။ အီရန်ဘာသာရေးခေါင်ဆောင်ကြီး အယာတိုလာအလီခါမေနီသည် သောကြာနေ့က ၎င်းဦးဆောင်ပြုလုပ်ခဲ့သော ဝတ်ပြုဆုတောင်းပွဲ၌ အမေရိကန်နှင့်ဥရောပကို ဝေဖန်ပြောဆိုခဲ့သည်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြောအဆိုဆင်ခြင်ရန် ဇန်နဝါရီ ၁၇ ရက်က သတိပေးလိုက်သည်။

အလီခါမေနီသည် ဝတ်ပြုဆုတောင်းပွဲ၌ မိန့်ခွန်းမပြောကြားခဲ့သည်မှာ ၈ နှစ်ရှိပြီဖြစ်ပြီး အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီလုပ်ကြံခံရပြီးနောက်မှ ယခုကဲ့သို့ ပြန်လည်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် အီရန်ပြည်သူများကို ကူညီချင်ဟန်ဆောင်ပြီး တကယ်တော့ နောက်ကျောကို အဆိပ်လူးဓားနှင့် ထိုးချင်နေသူဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် အရမ်းရက်စက်ပြီး ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် အမေရိကန်၏ လက်ပါးစေများသာဖြစ်ကြောင်း ခါမေနီက ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် ဝတ်ပြုဆုတောင်းပွဲ၌ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်က အီရန်၏ စီးပွားရေးမှာ ချွတ်ခြုံကျနေကြောင်း၊ ပြည်သူများလည်း ဒုက္ခရောက်နေကြောင်း၊ ခုတလော ဩဇာအာဏာသိပ်မကြီးမားတော့သည့် ဘာသာရေးခေါင်းဆောင်ကြီးအနေဖြင့် အပြောအဆို သတိထားဆင်ခြင်သင့်ကြောင်း ၎င်း၏ တွစ်တာတွင်ရေးသားခဲ့သည်။

အီရန်သည် ယူကရိန်းလေယာဉ်ကို မတော်တဆမှားယွင်းပစ်ချပြီးနောက် ပြည်သူများ၏ ဆန္ဒပြမှုများကို ကြုံတွေ့နေရကာ ထရမ့်ကလည်း ဆန္ဒပြသူများကို အားပေးထောက်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly