ဘူလ်ဂေးရီးယားက မကောင်းဆိုးဝါးနှင်ထုတ်ပွဲ

ဘူလ်ဂေးရီးယားက မကောင်းဆိုးဝါးနှင်ထုတ်ပွဲ

ဇန်နဝါရီ ၁၇ ။                                     ။နှစ်စဉ်ကျင်းပနေကျ ဖြစ်သော မကောင်းဆိုးဝါး မောင်းထုတ်သည့် ပွဲတော်တစ်ခုကို ဘူလ်ဂေးရီးယားနိုင်ငံတွင် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ် ဇန်နဝါရီလ ၁၃ ရက်ညရောက်တိုင်း ယင်းနိုင်ငံ၏ အနောက်ပိုင်း Pernik ဒေသရှိ ကျေးရွာများမှ ရွာသူရွာသားများ စုဝေးကာ အဆိုပါ ရိုးရာဓလေ့ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသည်။

ယခုနှစ်တွင်လည်း အဆိုပါ ပွဲတော်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က အစဉ်အလာမပျက် ကျင်းပခဲ့သည်။ပွဲတော် ကျင်းပရာတွင် ပါဝင်ဆင်နွှဲသူများသည် အမွှေးထူ ဝတ်စုံဆန်းများ၊ ကြောက်စရာ မျက်နှာဖုံးများ ဝတ်ဆင်ပြီး ခေါင်းလောင်းများ ချိတ်ဆွဲကာ မီးပုံအနီး စုရုံးကခုန်ကြခြင်းဖြစ်သည်။

ပွဲတော်၏ ရည်ရွယ်ချက်မှာ မကောင်းဆိုးဝါးများကို မောင်းထုတ်ရန်နှင့် နှစ်သစ်တွင် ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကျန်းမာရေး ကောင်းစေရန် ရည်ရွယ်သည်ဟု သိရသည်။

“လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကစလို့ ကျွန်တော် ဒီ ရိုးရာဓလေ့ ပွဲတော်မှာ ပုံမှန် ပါဝင်ဆင်နွှဲခဲ့တာပါ၊ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၃ ရက် ရောက်ရင် ဒီပွဲကို ကျွန်တော်တို့ ကျင်းပကြပါတယ်၊ အဓိကကတော့ လူတွေ ကျန်းမာရေး ကောင်းဖို့နဲ့ မကောင်းတဲ့ ဝိညာဉ်တွေ မကပ်နိုင်အောင် မောင်းထုတ်ဖို့ ဖြစ်ပါတယ်” ဟု လက်စ်ကိုဗက်စ် ရွာလေးမှ ရွာသားတစ်ဦးဖြစ်သည့် စတန်နီစလက်ဗ် ဆီဒက်ဖ်ချက်ဗ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly