WLC ကမ္ဘာမစ်ဒယ်ဝိတ်တန်းချန်ပီယံတူးတူးက ချန်ပီယံ ခါးပတ်ကို အပြည်အဝကာကွယ်နိုင်မယ်လို့ယုံကြည်

WLC ကမ္ဘာမစ်ဒယ်ဝိတ်တန်းချန်ပီယံတူးတူးက ချန်ပီယံ ခါးပတ်ကို အပြည်အဝကာကွယ်နိုင်မယ်လို့ယုံကြည်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ဇန်နဝါရီလ ၁၇ ။            ။ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ တူးတူးအနေဖြင့်  တူတာဗို့နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်တွင် ချန်ပီယံခါးပတ်ကို အပြည်အဝကာကွယ်နိုင်မယ်လို့ု ယုံကြည်ကြောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန် က ရန်ကုန်မြို့ Yangon Fight Club တွင်ပြုလုပ်သည့် တူးတူး နှင့် မီဒီယာများတွေ့ဆုံသည့်ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီခါးပတ်ကိုကာကွယ်ဖို့ ယုံကြည်မှုက လေ့ကျင့်ပြင်ဆင်မှုနဲ့ ဒီခါးပတ်ကို ကာကွယ်နိုင်ဖို့ အတွက်  အပြည့်အဝယုံကြည်တယ်။ ဒါပေမဲ့ပြိုင်ပွဲ မှာကျွန်တော် က မြန်မာရိုးရာလက်ဝှေ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား မဟုတ်ဘူးဆိုတော့ ပြိုင်ပွဲမှာ သူက အသာထိုးနိုင်ရင် နိုင်သွားလိမ့်မယ်။ ကျွန်တော့်ဘက်က ယုံကြည်မှုကတော့ ကာကွယ်နိုင်ဖို့ အပြည်အဝ ယုံကြည်တယ် “ ဟု WLC ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ တူးတူး က မဇ္စျိမသတင်းဌာန ကိုပြောသည်။

၂၀၂၀ ခုနှစ် ၏ WLC 11: BattleBones ပြိုင်ပွဲ ရဲ့ အဓိက ခေါင်ပွဲစဉ်ဖြစ်သည့်   WLC မစ်ဒယ်ဝိတ်ကမ္ဘာချန်ပီယံဘွဲ့  ကာကွယ်ပွဲ ကို WLC ကမ္ဘာမစ်ဒယ်ဝိတ်တန်းချန်ပီယံ တူးတူး နှင့် ဥဇဘက်ကစ္စတန် လက်ဝှေ့ကစားသမား တူတာဗို့ က ဇန်နဝါရီလ ၃၁ရက်နေ့ ညနေ့၅နာရီအချိန်တွင် ရန်ကုန်မြို့  သိမ်ဖြူအားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်သည်။

"ပြောရတော့ခက်တယ်။သူလည်းမွေ့ထိုင်းမှ နာမည်တစ်လုံးနဲ့လူတစ်ယောက်ဆိုတော့ ဘယ်အချိန်မှအလဲထိုးမယ်ဆိုတာက ပြောရတော့ခက်တယ်။ သူလည်းကျွန်တော်ကို အလဲထိုးရင်ထိုးမယ်။ ကျွန်တော်လည်း အလဲထိုးရင်ထိုးမယ်။ ပွဲပြီးမှပဲအဖြေပေါ်မှပါ "  ဟု တူးတူးက ဆက်ပြောသည်။

ပြီးခဲ့သည့် ၆ နှစ်တာကာလ က တူးတူးအနေဖြင့် တူတာဗို့ ကို မွေ့ထိုင်းတွင် အမှတ်ဖြင့် ရှုံးနိမ့် ခဲ့ဖူးတာဖြစ်ပြီး တူးတူး အနေဖြင့် ယခုတစ်ကြိမ် တွင် မွေ့ထိုင်းတွင် ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေး ကို ပြန်လည် ဆပ်နိုင်မလားဆိုတာနဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်သွားနိုင်မလားဆိုတာ ဆက်လက်စောင်ကြည့်ရမှမည်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly