တရုတ်လူလုပ်ကျွန်းများအနီး အမေရိကန်ဖျက်သင်္ဘော သွားရောက်မည်ဖြစ်၍ ပြင်းထန်သည့် စိန်ခေါ်မှုဖြစ်လာနိုင်

တရုတ်လူလုပ်ကျွန်းများအနီး အမေရိကန်ဖျက်သင်္ဘော သွားရောက်မည်ဖြစ်၍ ပြင်းထန်သည့် စိန်ခေါ်မှုဖြစ်လာနိုင်

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပိုင်နက်အတွင်း တရုတ်တို့ တည်ဆောက်ထားသည့် လူလုပ်ကျွန်းများ အနီးတစ်ဝိုက်တွင် အမေရိကန်ရေတပ်သင်္ဘော ရွက်လွှင့်မည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး တာဝန်ရှိသူများက ပြောသည်။

ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Lassen သည် စပရတ်တလေးကျွန်းစုအနီး တရုတ်ပိုင်ပြုလုပ်ထားသည့် ရေမိုင် ၁၂ မိုင်ဇုန်တွင်း ခုတ်မောင်းသွားလာမည်ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်၏ ရေကြောင်းလွတ်လပ်စွာသွားလာလိုက်ခြင်းက တရုတ်၏ ပိုင်နက်ပြုထားမှုကို ပြင်းပြင်းထန်ထန်ထိုးနှက်စိန်ခေါ်လိုက်သည့် လက္ခဏာလည်းရှိသည်။

တောင်တရုတ်ပင်လယ်ရေပြင်များစွာကို ပိုင်နက်အတည်ပြုထားသည့် တရုတ်အတွက် အမေရိကန်၏ ယခုလုပ်ဆောင်မှုက ဒေါသထွက်စေမည့် လုပ်ရပ်လည်းဖြစ်သည်။

သဘာဝရင်းမြစ်ကြွယ်ဝရာ စပရတ်တလေးကျွန်းစုများ၊ ပါရာဆေးကျွန်းစုများနှင့် စကားဘောရောက်သောင်စွယ်များအတွက် ပိုင်ဆိုင်မှုကို အရှေ့တောင်အာရှရှိ အခြားသောနိုင်ငံများကလည်း ၎င်းတို့ ပိုင်ရေပိုင်နက်နယ်မြေများဖြစ်ကြောင်း ယှဉ်ပြိုင်အငြင်းပွားနေလျက်ရှိသည်။

သို့သော် ရေအောက်မြုပ်နေသည့် သန္တာကျောက်တန်းကျွန်းစုများကို ၂၀၁၄ ခုနှစ်က သောင်ဖော်မြေဖို့ခြင်း စီမံကိန်းကြီးများလုပ်ပြီးနောက် တရုတ်နိုင်ငံက လူလုပ်ကျွန်းများအဖြစ် ဖန်တီးကာ ၎င်းတို့ပိုင်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly