ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုချက်အတွက် ဆီးနိတ်၌ သမိုင်းတွင် စစ်ဆေးကြားနာရန် လွှတ်တော်အမတ်များက ဂျူရီလူကြီးမင်းများအဖြစ် ကျမ်းသစ္စာဆို

ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုချက်အတွက် ဆီးနိတ်၌ သမိုင်းတွင် စစ်ဆေးကြားနာရန် လွှတ်တော်အမတ်များက ဂျူရီလူကြီးမင်းများအဖြစ် ကျမ်းသစ္စာဆို

ဇန်နဝါရီ ၁၇ ။             ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား သမိုင်းတွင် အပြစ်ရှိကြောင်း စစ်ဆေးကြားနာရာ၌ ဂျူရီလူကြီးမင်းများအဖြစ် တာဝန်ထမ်းရန် ဆီးနိတ်လွှတ်တော် အမတ်များက ဇန်နဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာဆိုကြသည်။

ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုချက်အတွက် ဆီးနိတ်တွင် စစ်ဆေးကြားနာရာ၌ သဘာပတိအဖြစ် ဆောင်ရွက်မည့် အမေရိကန်တရားသူကြီးချုပ် ဂျွန်ရောဘတ်က လွှတ်တော်အမတ်များ၏ ကျမ်းဆိုမှုကို စီမံခန့်ခွဲခဲ့သည်။

ထိုသို့ ဂျူရီလူကြီးမင်းများအဖြစ် တာဝန်ထမ်းမည့် ကျမ်းသစ္စာဆိုသော လွှတ်တော်အမတ်များသည် ထရမ့်အား ရာထူးက ဖယ်ရှားသင့်မသင့်ကို ဆုံးဖြတ်ကြရမည့်သူများပဲ ဖြစ်သည်။

“မကြာမီ စတင်တော့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ရှိကြောင်း စစ်ဆေးကြားနာမှုမှာ တည်ကြည်လေးနက်စွာ ကျမ်းသစ္စာ ဆိုပါသလား။ ဖွဲ့စည်းပုံဥပဒေနဲ့ တည်ဆဲဥပဒေတွေအရ သမာသမတ်ကျစွာ စီရင်ဆုံးဖြတ်ပါမလား။”ဟု ဂျွန်ရောဘတ်က သစ္စာတိုင်ပေးခဲ့ရာ စစ်ဆေးကြားနာမှုတွင် ပါဝင်မည့် လွှတ်တော်အမတ်များက ကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြသည်။

သမ္မတထရမ့်အား အာဏာကို အလွဲသုံးစားပြုမှုနှင့် လွှတ်တော်အား နှောင့်ယှက်ဟန့်တားမှုတို့ဖြင့် အပြစ်ရှိကြောင်း အောက်လွှတ်တော်တွင် မဲခွဲအတည်ပြုပြီးနောက် ယခုအခါ ဆီးနိတ်လွှတ်တော်၌ စစ်ဆေးကြားနာရန် သမိုင်းတင်စတင်ခြင်းပဲ ဖြစ်သည်။

အကယ်၍ ဆီးနိတ်တွင် ထရမ့်က အပြစ်ရှိသည်ဟု စီရင်ဆုံးဖြတ်ပါက ရာထူးက နုတ်ထွက်ရသည့်အထိ ဖြစ်လာမည်ဖြစ်သော်လည်း ဒီမိုကရက်ကြီးစိုးရာ အောက်လွှတ်တော်၌ အတည်ပြုခဲ့သည့် ယင်းအမှုသည် ရီပတ်ဘရီကန်ကြီးစိုးသော ဆီးနိတ်တွင် အနိုင်ရဖို့ရန် ဖြစ်တန်ရာ နည်းလွန်းသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly