အာဖဂန်-ပါကစ္စတန် ငလျင် သေဆုံးသူ ၂၈၀ နီးပါးရှိ

အာဖဂန်-ပါကစ္စတန် ငလျင် သေဆုံးသူ ၂၈၀ နီးပါးရှိ

အာဖဂန်နစ္စတန်ရှိ ဟင်ဒူကတ်ရှ်တောင်ကုန်းဒေသတွင် ဗဟိုပြုလှုပ်ပြီး တောင်အာရှအနှံ့ ရိုက်ခတ်သွားခဲ့သည့် အားပြင်း ၇ ဒသမ ၅ အဆင့် ငလျင်တွင် သေဆုံးသူဦးရေသည် ၂၈၀ ဝန်းကျင်ရှိသွားပြီဖြစ်သည်။

သေဆုံးသူများတွင် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုမှာ အာဖဂန်တွင် ကျောင်းအတွင်းမှ ထွက်ပြေးကြရာမှ လူအုပ်ပြိုမှုဖြစ်ကာ မိန်းကလေး ၁၂ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် ပျက်စီးသေဆုံးမှုသတင်းများသည် ပါကစ္စတန်တွင် များစွာဖြစ်သည်။ သေဆုံးသူပေါင်း ၂၁၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၀၀ ကျော်ကြောင်း သဘာဝဘေးစီမံရေးအာဏာပိုင်များက ပြောသည်။

အာဖဂန်တွင်မူ သေဆုံးသူ ၆၃ ဦးရှိကြောင်း၊ ဒဏ်ရာရသူ ရာပေါင်းများစွာရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

"ဒီကနေ့ ကြုံရတဲ့ ငလျင်က ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အပြင်းထန်ဆုံး ငလျင်ပဲဖြစ်တယ်။"ဟု အာဖဂန်နစ္စတန် ခေါင်းဆောင်တစ်ဦးဖြစ်သည့် အဗ္ဗဒူလက်ရှ်က ပြောကြားခဲ့သည်။

Ref ; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly