Best Lovers ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မယ့် ကောင်မင်ကျောင်

Best Lovers ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မယ့် ကောင်မင်ကျောင်

တောင်ကိုရီးယား အဆိုတော်အဖွဲ့ Davichi အဖွဲ့ဝင် ကောင်မင်ကျောင်သည် MBC ရုပ်သံ၏ Best Lovers ဒရမ်မာ ဇာတ်ကားသစ်တွင် ခေါင်းဆောင် မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်သွား မည် ဖြစ်သည်။

အဆိုပါ ဇာတ်ကားတွင် ကောင်မင်ကျောင်သည် ဖက်ရှင်စတိုးတွင် လုပ်ကိုင်နေသော လက် ထောက်တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ၎င်း၏ ဇာတ်ကောင်စရိုက်သည် ယောကျ်ားလျာ တစ်ယောက်ဖြစ်ပြီး ပုံပန်းမကျသော သူတစ်ဦး၏ ဇာတ်ကောင်စရိုက် ဖြစ်သည်။

ကောင်မင်ကျောင်သည် အဆိုပါ ဇာတ်ကားတွင် သူတစ်ပါးအပေါ် နွေးနွေးထွေးထွေးရှိပြီး  သနားကြင်နာတတ်သော သူတစ်ဦးဖြစ်ပြီး ၎င်းလုပ်ချင်သော အရာများအပေါ်သာ အာရုံစိုက် လုပ်ဆောင်သည့် သူတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

Best Lovers  ဇာတ်ကားသည် ချစ်ခြင်းမေတ္တာ၊ မိခင်တစ်ယောက်နှင့် သမီးနှစ်ယောက်တို့၏ သဘောထား အမြင်တို့ကို ပုံဖော် ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကား ဖြစ်သည်။ အဆိုပါ ဇာတ်ကားသည် ကြည့်ရှုသူများကို  ယနေ့ခေတ်တွင် တွေ့ရသော လမ်းခွဲပြတ်စဲမှုနှင့် နောက်အိမ် ထောင် ထပ်ပြုကြသော အမျိုးသမီးများအကြောင်းကို ပညာပေးရန် ကြိုးစားသွားမည် ဖြစ်သည်။

Best Lovers ဇာတ်ကားတွင် မင်းသမီး အိုဟွန်းကျောင်သည် မိခင်နေရာမှ ပါဝင် သရုပ်ဆောင် မည် ဖြစ်သည်။ Best Lovers ဇာတ်ကားကို The Great Wives ဇာတ်ကားပြီးနောက် ဒီဇင်ဘာလတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly