လီမင်ဟို၏ ချောကလက်ကြော်ငြာ ကြည့်ရှုသူ ၁ ဒသမ ၅ သန်းကျော် ရှိခဲ့

လီမင်ဟို၏ ချောကလက်ကြော်ငြာ ကြည့်ရှုသူ ၁ ဒသမ ၅ သန်းကျော် ရှိခဲ့

တောင်ကိုရီးယား အကျော်အမော် လီမင်ဟို၏ Ferrero Rocher ချောကလက် ကြော်ငြာသည် အောက်တိုဘာ ၁၆ ရက်က ထုတ်လွှင့်ခဲ့ပြီးနောက် ငါးရက်အတွင်း You Tube နှင့် ဖေ့စ်ဘွတ်ခ်တွင် ကြည့်ရှုသူ ၁ဒသမ ၅ သန်းကျော် ရှိခဲ့သည်။

အဆိုပါ ကြော်ငြာတွင် လီမင်ဟိုသည် ဝယ်ယူထားသော Ferrerro Rocher ချောကလက် တစ်ဘူးကို ဆိုးလ်မြို့မှ ရောမမြို့သို့ သယ်ဆောင်ခဲ့သည့် ပုံကို တွေ့မြင်ရသည်။ လီမင်ဟိုသည် ရောမ မြို့၏ နေဝင်ဆည်းဆာအချိန်တွင် ဆိုင်ကယ်စီးနေသည့် မြင်ကွင်းကို တွေ့မြင်ရမည် ဖြစ်သည်။

လီမင်ဟိုသည် Roman Holiday ဇာတ်ကားမှ ဆိုင်ကယ်ပုံစံမျိုးကို စီးကာ ရောမမြို့ကို ဖြတ်သန်းခဲ့ပြီး သူငယ်ချင်းတစ်ယောက်၏ ပါတီပွဲသို့ အဆိုပါ ချောကလက်ဘူးကို ယူဆောင်သွားခဲ့ သည်ကို တွေ့ရသည်။ လီပါဝင် သရုပ်ဆောင်ထားသော ဗီဒီယို နောက်ခံတွင် Ferrerrro Rocher ချောကလက် အမှတ်တံဆိပ် စာတန်းကို ထုတ်လွှင့်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly