ထူးဆန်း နမိုးနီးယားရောဂါ ကူးစက်မှု ဂျပန်တွင် ပထမဆုံး စတင် ဖြစ်ပွား

ထူးဆန်း နမိုးနီးယားရောဂါ ကူးစက်မှု ဂျပန်တွင် ပထမဆုံး စတင် ဖြစ်ပွား

ဇန်နဝါရီ ၁၆  ။                    ။လူအများအပြား သေဆုံးစေခဲ့သော SARS ရောဂါဗိုင်းရပ်စ်ပိုးနှင့် ဆက်နွယ်နေသည့် ထူးဆန်းသော နမိုးနီးယား ရောဂါကူးစက်မှုဖြစ်စဉ်တစ်ခု နိုင်ငံတွင် စတင် ဖြစ်ပွားကြောင်း ဂျပန် အာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက်တွင် ပြောသည်။

အမျိုးအမည် မသိရသော အဆိုပါ နမိုးနီးယား ရောဂါဆန်းသည် တရုတ်တွင် ပထမဆုံး စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ယခုအခါ ဂျပန်သို့ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

ထူးဆန်းသည့် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ပြင်ပ ကူးစက်မှုအဖြစ် ထိုင်းတွင် ဖြစ်ပွားကြောင်း တွေ့ရှိခဲ့ပြီးနောက် ယခုအခါ ယင်းကူးစက်မှုဖြစ်စဉ်မျိုးကို ဂျပန်တွင် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်း ထူးဆန်း အဆုတ်ရောင်ရောဂါ ကူးစက်မှု အဓိက ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး ပြန်လာခဲ့သော အမျိုးသားတစ်ဦးတွင် အဆိုပါ ရောဂါပိုးကို တွေ့ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ဆေးရုံတင်ခဲ့ရကြောင်း ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဒါကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်တဲ့ နမိုးနီးယား ရောဂါ ဖြစ်ပွားမှုကို ဂျပန်မှာ ပထမဆုံးတွေ့ရှိတာပါ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ အတူပူးပေါင်းပြီးတော့ ဒီရောဂါဖြစ်စဉ်ရဲ့ အန္တရာယ်အလားအလာနဲ့ပတ်သက်လို့ သုံးသပ်ကိုင်တွယ်သွားပါမယ်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly