ဥရောပ တေးဂီတ ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဥရောပ တေးဂီတ ဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ ဂျက်စတင်ဘီဘာ

အီတလီနိုင်ငံ မီလန်မြို့တွင် အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ်သော  အမ်တီဗီ၏ ဥရောပ တေးဂီဆုပေးပွဲ ( MTV EMAs )တွင် ဆယ်ကျော်သက်များ အသည်းစွဲ အဆိုတော် ဂျက်စတင် ဘီဘာသည် ဆုငါးဆု သိမ်းပိုက် ဆွတ်ခူးခဲ့သည်။

ပေါ့ပ်ကြယ်ပွင့် ဘီဘာသည် အကောင်းဆုံး အမျိုးသား အဆိုရှင်ဆု၊ best North Amercian act ၊ Where Are You Now ? တေးသီချင်းတွင် အဆိုတော် ဒစ်လို၊ စကွီလက်ဇ်တို့နှင့်အတူ အကောင်းဆုံး တွဲဖက် သီဆိုနိုင်မှုဆု၊ ပရိတ်သတ်အများဆုံး ဆုနှင့် ကြည့်အကောင်းဆုံး ဆုတို့ကို ရရှိခဲ့သည်။

ဗြိတိန်အဆိုတော်အဖွဲ့ One Direction အဖွဲ့သည် အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆုကိုရ ရှိခဲ့ ပြီး တေလာဆွဇ်၏ Bad Blood တေးသီချင်းသည် အကောင်းဆုံး တေးသီချင်းဆုနှင့် ရီဟားနားသည် အကောင်းဆုံး အမျိုးသမီးအဆိုတော် ဆုတို့ကို ရရှိခဲ့သည်။

အဆိုတော် သီချင်းရေးဆရာ အက်ဒ်ရှီရန်သည် အောက်တိုဘာ ၂၅ ရက်က ကျင်းပပြုလုပ် သော အဆိုပါ ဆုပေးပွဲတွင် အစီစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး best live act  ဆုကို ရရှိခဲ့သည့်အပြင် ပြီးခဲ့သည့်နှစ်က ကျင်းပပြုလုပ်သော V Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေမှုအတွက် ကမ္ဘာ့ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှု ဆုတို့ကို ရရှိခဲ့သည်။

“ကျွန်တော်ရဲ့တေးဂီတအပေါ် အသိအမှတ် ပြုခံရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်” ဟု အကောင်းဆုံး အမျိုးသား အဆိုတော်ဆုကို လက်ခံရယူစဉ် ဘီဘာက ပြောကြားခဲ့သည်။ ဆစ်ဒနီပေါ့ပ် တေးဂီတအဖွဲ့ 5 Second of Summer အဖွဲ့က ကမ္ဘာ့အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဆုကို ဒုတိယ အကြိမ်မြောက် ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly