အမရပူရမြို့ပြစီမံကိန်း မြေဧကပိုမို လုပ်ဆောင်နေသည်ဟုဆိုကာ ဖြေရှင်းပေးရန် တောင်းဆို

အမရပူရမြို့ပြစီမံကိန်း မြေဧကပိုမို လုပ်ဆောင်နေသည်ဟုဆိုကာ ဖြေရှင်းပေးရန် တောင်းဆို

မန္တလေး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၀။        ။ အမရပူရမြို့ပြစီမံကိန်းလုပ်ဆောင်ရန်အတွက် မြေနုကျွန်းမြေဧက ၁၈၀ကျော်ကိုသာ ရောင်းချခဲ့သော်လည်း လက်ရှိတွင် မြေဧက ၂၈၀ကျော်တွင် လုပ်ကိုင်နေသဖြင့် ပိုမိုလုပ်ဆောင်နေသာ မြေများနဲ့ပက်သက်ပြီး ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုကြသည်။

အဆိုပါမြေကိစ္စအတွက် ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း ဖြေရှင်းမပေးသည့်အတွက် လိုအပ်သည့်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဟု ရှမ်းကလေးကျွန်းဒေသခံ ဦးကြီးမောင်ကပြောသည်။

အကြိမ်ကြိမ်ဖြေရှင်းပေးရန် တောင်းဆိုနေသည့် မြေနုကျွန်းပြဿနာအား စီမံကိန်းရှိတာဝန်ရှိသူများက ဖြေရှင်းမပေးလျှင် စီမံကိန်းရပ်နားသည့်အထိ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ တံခွန် တောင်သူ လယ်သ မားအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင် ကိုသိန်းကပြောသည်။

ကုမ္ပဏီအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ မြေပေါ်တွင် အလုပ်လုပ်ကိုင်နေခြင်း မရှိကြောင်းနှင့် ဒေသခံများ ပြောဆိုသလို မဟုတ်ကြောင်း အမရပူရမြို့ပြ စီမံကိန်း သတင်းပြန်ကြားရေး တာဝန်ခံ ဦးဇော်ရဲဝင်းကပြောသည်။

အမရပူရမြိုပြစီမံကိန်းတွင် လူနေအဆောက်အအုံများ၊ ဟိုတယ်ဇုန် များ၊ ကျောင်းများ၊ ရုံးဌာနများ၊ ဆိပ်ကမ်းများကို တည်ဆောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကျပ်ဘီလီယံ ငါးရာကျော် ရှိသည့် စီမံကိန်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly