အောက်ခြေပညာရေးဝန်ထမ်းများကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ စာသင်ကာလတိုးမြှင့်သောကြောင့် ကန့်ကွက်လှုပ်ရှားမှုများပြုလုပ်

14 January 2020

******************************
ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းစာသင်ချိန်တစ်လတိုးလိုက်သည့်အပေါ် ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းမှ ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ ပညာရေးကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမများက ဖဲကြိုးစိမ်းတပ်၍ ပြုလုပ်လျှက်ရှိသည်။

ထိုသို့ အခြေခံပညာရေးတွင် စာသင်ချိန်တိုးလိုက်သောကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားနှင့် ကျောင်းသားမိဘများတွင် ကြုံရလာနိုင်သည့် အခက်အခဲများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုတင်ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ဘဲ ဗဟိုချုပ်ကိုင်မှုနှင့် ဆောင်ရွက်ခဲ့သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အခြေခံပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/65626
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly