Miss International Beauty Pageant 2015 ၏ Miss Internet ဆုအတွက် အွန်လိုင်း မဲပေးမှုတွင် မြန်မာနိုင်ငံမှ အလှမယ် အမရာငြိမ်း မဲအများဆုံးဖြင့် ရပ်တည်

Miss International Beauty Pageant 2015 ၏ Miss Internet ဆုအတွက် အွန်လိုင်း မဲပေးမှုတွင် မြန်မာနိုင်ငံမှ အလှမယ် အမရာငြိမ်း မဲအများဆုံးဖြင့် ရပ်တည်

ရန်ကုန်၊ အောက်တိုဘာ ၂၆။ ။ ဂျပန်နိုင်ငံတွင် ပြုလုပ်လျက် ရှိသည့် Miss International Beauty Pageant 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နေသည့် အလှမယ် အမရာငြိမ်းသည် Miss Internet ဆုအတွက် အွန်လိုင်း မဲပေးမှုတွင် မဲအများဆုံးဖြင့် ပထမနေရာတွင် ရပ်တည်နေသည်။

Miss International Beauty Pageant 2015 ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် ၅၅ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ် အမရာငြိမ်း မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ယခုနှစ် Miss International Beauty Pageant 2015 ပြိုင်ပွဲ တွင် Miss Internet ဆု အတွက် official voting ဆိုပြီး မရှိတော့ပဲ Miss Internet ဆုအတွက် Miss တစ်ယောက်အပေါ် online ဆိုင်ရာ ထည့်သွင်း တွက်ချက် မှုများတွင် အလှမယ် အမရာငြိမ်း ၏ ဖေ့ဘုတ် အကောင့် မှ ပုံတွေ၏ like များ ၊ အမရာငြိမ်း၏ Instragram account မှ ပုံများ၏ like တွေအပြင်၊ လက်ရှိ http://m.listas.20minutos.es/lista/miss-internacional-2015-candidatas-39... link မှ voting ရလာဒ်များကို ထည့်သွင်း တွက်ချက် သွားမည် ဖြစ်သည်။

အလှမယ် အမရာငြိမ်းကို ၎င်း၏ ဖေ့ဘုတ်မှ ပုံများ၊ Instragram account မှ ပုံများတွင် Like ပေးနိုင်ပြီး လက်ရှိတွင် http://m.listas.20minutos.es/lista/miss-internacional-2015-candidatas-39... တွင် အလှမယ်များအား မဲပေးရာတွင် မြန်မာနိုင်ငံမှ အမှတ်အများဆုံးဖြင့် ပထမနေရာတွင် ရပ်တည်နေသည်။

Miss Myanmar International 2015 ဆုရှင် Emerald Nyein သည် Miss International Beauty Pageant 2015 ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အောက်တိုဘာလ ၁၇ ရက် တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

လက်ရှိတွင် အလှမယ် အမရာငြိမ်းသည် Miss International Beauty Pageant Organization နှင့်အတူ ပြိုင်ပွဲ နှင့် ပတ်သက်သည့် Activity များကို နိုင်ငံအသီးသီးမှ အလှမယ်များနှင့် အတူ လုပ်ဆောင်လျက်ရှိသည်။

Miss International Beauty Pageant ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အလှမယ် နန်းခင်ဇေယျာ က ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ၊ ၂၀၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော် ၊ ၂၀၁၄ ခုနှစ်တွင် အလှမယ် မေဘရဏီသော် တို့မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။

Miss International Beauty Pageant 2015 ဖိုင်နယ် ပြိုင်ပွဲကို နိုဝင်ဘာ ၅ရက် တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Shinagawa Prince Hotel ၌ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly