ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား

ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား
A man holding her daughter leaves the Wuhan Medical Treatment Centre in Hubei, China. The World Health Organisation confirmed on Monday (Jan 13) the first case in Thailand of a new virus from the same family as SARS that is behind a Chinese pneumonia outbreak. - AFP

ဇန်နဝါရီ ၁၃ ။        ။ တရုတ်နိုင်ငံ၌ နမိုးနီးယား ပြန့်နှံ့ဖြစ်ပွားပြီးနောက်၌ ထိုင်းနိုင်ငံအတွင်း SARS ရောဂါပိုးကဲ့သို့ ပိုးအုပ်စု မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အတည်ပြုသည်။

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် လူတစ်ဦးသည် မပြင်းထန်သည့် နမိုးနီးယားရောဂါကြောင့် ဇန်နဝါရီ ၈ ရက်တွင် ဆေးရုံတက်လာခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီဖြစ်သော WHO က ဆိုသည်။

“ဓာတ်ခွဲခန်း စမ်းသပ်ချက်အရ ရောဂါပိုးဆန်းတစ်မျိုးကို ၎င်းလူနာထံမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။”ဟု WHO ပြောခွင့်ရသူ တာရစ်ဂျာဆာရီဗစ်က အေအက်ဖ်ပီသို့ အီးမေးလ်မှတစ်ဆင့် ဖြေကြားသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ၌ နမိုးနီးယား ရောဂါဆန််း ပြန့်နှံ့ဖြစ်ပွားမှုများ ရှိလာခဲ့ရာ ယင်းသို့ ဖြစ်ပွားခြင်းသည် ရောဂါပိုးသစ်တစ်မျိုးကြောင့် ဖြစ်နိုင်သည်ဟု ယူဆထားခဲ့သည်။

SARS ရောဂါမှာ နမိုးနီးယား ပုံစံတစ်မျိုးဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်သည်။ SARS ရောဂါ ဖြစ်ပွားပါက အစပိုင်း၌ အဖျားတက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် နွမ်းနယ်ခြင်းများ ဖြစ်ကာ ရောဂါပိုမိုပြင်းထန်လာပါက သွေးထဲ အောက်ဆီဂျင် ကျဆင်းပြီး အသက်ဆုံးရှုံးနိုင်သည့်အထိ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly