လမ်းဘေးမှာ စိမ်ပြေနပြေ ရေခဲမုန့် ထိုင်စားနေတဲ့ ကမ္ဘာကျော် မင်းသား ကီနူးရိဗ်

လမ်းဘေးမှာ စိမ်ပြေနပြေ ရေခဲမုန့် ထိုင်စားနေတဲ့ ကမ္ဘာကျော် မင်းသား ကီနူးရိဗ်

ဇန်နဝါရီ ၁၃ ။          ။ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ကီနူးရိဗ်ကို မြောက်ကယ်လီဖိုးနီးယား၊ ဘတ်စ်ကင်ရော်ဘင်အရပ်မှာ ကြုံသလို လမ်းဘေးမှာ ရေခဲမုန့် စိမ်ပြေနပြေ ထိုင်စားနေတာကို မြင်တွေ့လိုက်ရပါတယ်။

Moy ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင် တင်တဲ့ ဗီဒီယိုမှာ အလာမီဒါမြို့မှာ မင်းသားချောတစ်ယောက် တစ်ကိုယ်တည်း ထိုင်ရင်း ရေခဲမုန့်စားနေတာကို မြင်ရတာပါ။

နောက်ထပ်ဓာတ်ပုံအရလည်း လမ်းနံဘေး စိမ်ပြေနပြေ ရေခဲမုန့်ထိုင်စားနေသူဟာ ရုပ်ရှင်မင်းသား ကီနူးရိဗ်မှ ကီနူးရိဗ်စင်စစ်ဖြစ်ကြောင်းကို အတည်ပြုနိုင်ပါတယ်။

အဲဒီ တွစ်တာအကောင့် ပိုင်ရှင်ရဲ့ အဆိုအရတော့ မင်းသား ကီနူးရိဗ်ဟာ အလာမီဒါကို လေးကားမြောက် Matrix ရုပ်ရှင်အတွက် ရောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly