တောင်အာရှ အားပြင်းငလျင်ကြောင့် အချိန်တိုအတွင်း သေဆုံးသူ ရ၀ ကျော်

တောင်အာရှ အားပြင်းငလျင်ကြောင့် အချိန်တိုအတွင်း သေဆုံးသူ ရ၀ ကျော်

တောင်အာရှဒေသတွင် အောက်တိုဘာ ၂၆ ရက်က ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ပြီး အချိန်တိုအတွင်း သေဆုံးသူဦးရေသည် အနည်းဆုံး ၇၀ ရှိသွားသည်။ အာဖဂန်နစ္စတန်တွင် ငလျင်ကြောင့် ကျောင်းတစ်ကျောင်းပြိုကျရာ ထွက်ပြေးကြစဉ် လူအုပ်ပိ၍ မိန်းကလေး ၁၂ ဦး သေဆုံးသည်။

တောင်အာရှဒေသတိုက်ငယ် တစ်ခုလုံး ငလျင်ဒဏ် ကြုံတွေ့ရာ အာဖဂန်၊ ပါကစ္စတန်နှင့် အိန္ဒိယတို့တွင် ပြည်သူများစွာ လမ်းမများပေါ်သို့ ကြောက်လန့်တကြားထွက်ပြေးခဲ့ကြရသည်။

ငလျင်ဗဟိုပြုရာသည် အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှ မိုင် ၁၆၀ အကွာ ဂျူရမ်းအရပ်အနီးတွင်ဖြစ်ပြီး မြေအောက် ကီလိုမီတာ ၂၁၃ ဒသမ ၅ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောသည်။

ကနဦးက ပြင်းအား ၇ ဒသမ ၇ အဖြစ် တိုင်းတာထားခဲ့ရာမှ ၇ ဒသမ ၆ သို့လျှော့ချပြီး နောက်သိပ်မကြာမီ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၅ ငလျင်ဖြစ်ကြောင်း ပြောသည်။

ယခုငလျင်ဗဟိုပြုရာသည် ၂၀၀၅ ခုနှစ်က လူပေါင်း ၇၅၀၀၀ ကျော်ထက်မနည်းသေဆုံးခဲ့သည့် ပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်ကြီးလှုပ်ခဲ့ရာနှင့် မနီးမဝေးတွင် လှုပ်ခြင်းဖြစ်သည်။

ငလျင်ဒဏ်သည် ပါကစ္စတန်တွင် အပြင်းထန်ဆုံး ကြုံတွေ့မှုနှင့်အတူ သေဆုံးသူဦးရေလည်း ထက်တိုးလာနိုင်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly